ထားဝယ်တွင် ဧည့်စာရင်း ဆက်တိုက်စစ်
diz_admin
September 3, 2021ထားဝယ်တွင် အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်များအတွင်း ဧည့်စာရင်း ဆက်တိုက်စစ်ဆေးနေကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။ ရဲတပ်ဖွဲ့ဝင် ဆယ်ဦးကျော်ခန့်ပါဝင်သည့် အဖွဲ့သည် စက်တင်ဘာ ၁ ရက်နေ့က ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ပြီး ယနေ့ စက်တင်ဘာ ၂ ရက်နေ့တွင် ဘုမ္မော်ရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဧည့်စာရင်းလိုက်လံစစ်နေသည့် အဖွဲ့တွင် လက်နက်အင်အားအပြည့်အစုံ၊ ရဲဝတ်စုံဝတ်ထားသူများပါသလို အချို့မှာ အရပ်ဝတ်များ ဝတ်ဆင်ထားသည်ဟု ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၉ နှစ်ခန့်ရှိ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “တစ်အိမ်တက် တစ်အိမ်ဆင်း စစ်တယ်။ ပြီးရင် ဘီဒိုတွေဘာတွေကို သူတို့ကိုယ်တိုင် ဖွင့်ပြီးစစ်တယ်၊ ပြီးရင် အိမ်ထောင်စုစာရင်းတောင်းတယ်၊ အိမ်ထောင်စုစာရင်းထဲကလူတွေကို မေးတယ် ဒီလူရှိလား၊ ပြီးရင် ဒီလူတွေ ဘာအလုပ်အကိုင်လုပ်လဲဆိုမေးတယ်၊ အလုပ်သွားတယ်ဆိုပြောရင်လည်း […]


