ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါး အကူညီလို
diz_admin
December 23, 2021ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု ခေါင်တိုင်ပြင်ရွာအနီးတွင် တိုက်ပွဲဖြစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေးလာရသည့် ခေါင်တိုင်ပြင်ရွာက စစ်ဘေးရှောင် သုံးရာနီးပါးအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် စောင်၊ အနွေးထည်များ အကူညီလိုအပ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါကျေးရွာအနီးရှိ ထားဝယ်ပြောက်ကျားတော်လှန်ရေးအဖွဲ့ (DGRF-PDF) တပ်စခန်းနှင့် ကျေးရွာအတွင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ် များနှင့် ပစ်ခတ်ကာ ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ကြသဖြင့် ခေါင်တိုင်ပြင်ရွာက ဒေသခံ သုံးရာနီးပါး ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်များသည် DGRF-PDF စခန်းနှင့် ခေါင်တိုင်ပြင်ရွာတွင် တပ်စွဲထားသဖြင့် စစ်ရှောင်များ နေရပ်ပြန်မရဘဲဖြစ်သည်ဟု […]


