စစ်တပ်က စစ်ဆေးနေသဖြင့် လောင်းလုံးက လယ်သမားများ အခက်တွေ့
diz_admin
December 10, 2021စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသောကြောင့် လယ်ထဲဆင်း စပါးရိတ်သိမ်းရန်၊ စပါးသယ်ရန် လောင်းလုံးမြို့နယ်ရှိ ကျေးရွာ လေးရွာထက်မနည်းမှ ရာနှင့်ချီသည့် လယ်သမား အခက်အခဲကြုံတွေ့ နေကြကြောင်း အဆိုပါလယ်သမားများထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၉ ရက်က လောင်းလုံးမြို့နယ်တောင်ပိုင်း ကညုံးကျွန်းကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမူများ လုပ်ဆောင်ပြီးနောက် လယ်ထဲဆင်းမည့် လမ်းတလျှောက်ကို ယနေ့ (ဒီဇင်ဘာ ၁၀) လည်း စစ်ဆေးတင်းကြပ်နေဆဲဖြစ်ကြောင်း လယ်သမားအချို့က ပြောသည်။ လယ်ထဲဆင်းလမ်း တလျှောက်ရှိ ကညုံးကျွန်းကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်း၊ ကထောင်နီကျေးရွာ၊ လေးသွန်းခံကျေးရွာ လမ်းဆုံအချို့တွင် စစ်ကောင်စီတပ်များနေရာယူကာ လမ်းသွားလမ်းလာများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်စစ်ဆေးခံခဲ့ရသည့် လယ်သမားအချို့က ဆိုသည်။ ယင်းသို့ စစ်ဆေးနေသဖြင့် ယင်းအခက်အခဲများကို လေးသွန်းခံ၊ ညင်းမော်၊ စစ်ပြဲ၊ ဂေါ့အင်း စသည့် ကျေးရွာတို့မှ […]


