ထားဝယ်အာယုဒါန အောက်ဆီဂျင်စက်သစ် မိနစ် ၈ဝလျှင် ၄ဝလီတာ ခြောက်အိုးထုတ်
diz_admin
December 7, 2021ထားဝယ်မြို့ရှိ အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်အသစ်သည် မိနစ်ရှစ်ဆယ်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ခြောက်လုံးထုတ်လုပ်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အောက်ဆီဂျင်စက်အသစ်ကို နိုဝင်ဘာလလယ်ပိုင်းတွင် စတင်လည်ပတ်နေကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ ဦးအောင်မြင့်က ဆိုသည်။ အဆိုပါ စက်အသစ်မှာ ၈ နာရီလည်ပတ်ပြီးလျှင် ၁ နာရီ အနားပေးနေကြောင်း ၎င်းက ပြောသည်။ အာယုဒါနအဖွဲ့တွင် ယခင်ကတည်းကပင် လည်ပတ်နေသည့် အောက်ဆီဂျင်ထုတ်စက်တစ်လုံးရှိပြီး လက်ရှိတွင် အဆိုပါစက်က ၁၅ လီတာနှင့် ၂၀ လီတာအိုးများကို ဖြည့်ပေးနေကြောင်း ဦးအောင်မြင့်က ဆိုသည်။ “စက်အဟောင်းက အိုး အငယ် လိုအပ်ချက်တွေကို ဖြည့်ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။ အာယုဒါန အောက်ဆီဂျင်စက်မှ ထွက်သည့် အောက်ဆီဂျင်ကို ထားဝယ်ဆေးရုံကြီးရှိ ကလေးအဆောင်၊ အခြားမြို့နယ် ဆေးရုံများနှင့် […]


