ထင်ရှားသော ထားဝယ်လူငယ်ခေါင်းဆောင် နေအိမ် ချိတ်ပိတ်ခံရ
diz_admin
November 24, 2021မြန်မာနိုင်ငံလူငယ်ရေးရာ တွဲဖက်အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သူ ကိုဟိန်းထက်၏နေအိမ်ကို စစ်ကောင်စီက နိုဝင်ဘာလ ၂၃ ရက် ညနေ ၅ နာရီကျော်တွင် လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာရှိ သူ၏ မိသားစု နေအိမ်အား ချိတ်ပိတ်ခံလိုက်ရခြင်းဖြစ်သည်။ “လူမနေတဲ့အိမ်ကို ချိတ်ပိတ်သွားတာပါ။ အဲဒီအိမ်မှာလူမနေတာ အခုဆိုသုံးလေးလ လောက်ရှိနေပြီ” ဟု ဝံတွင်းရွာခံတစ်ဦးက ဆိုသည်။ ထားဝယ်ဒေသတွင် ထင်ရှားသော လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဟိန်းထက်သည် စစ်အာဏာမသိမ်းခင်က လူငယ်ရေးရာကိစ္စများကို တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက် အတွင်းရေးမှူးတစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ရေဖြူကျေးရွာတွင် လူငယ်ဖွံ့ဖြိုးရေးစင်တာ Youth Development Institute (YDI) ကို တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ယင်းစင်တာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် လပိုင်းအတွင်းဝင်စီးခဲ့ဖူးသည်။ အာဏာသိမ်းပြီးနောက် […]


