သရက်ချောင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး အသတ်ခံရ
diz_admin
November 20, 2021ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် ပျူစောထီးအဖွဲ့ဝင် ဦးသိန်းမဲဆိုသူကို Dawei Defense Force အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ အမျိုးသားကို စော်ဖျားကျေးရွာ ရော်ဘာခြံအနီးတွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ၎င်းရှင်းလင်းချက်မှာ ကျေးရွာနေပြည်သူတို့နှင့် မသက်ဆိုင်ကြောင်း Dawei Defense Force ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ အလားတူ သရက်ချောင်းမြို့နယ်၊ အလယ်စုကျေးရွာတွင်လည်း ကိုဇော်ဆိုသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း စော်ဖျားရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူက ကနက်သီရိရွာသား အလယ်စုရွာသူနဲ့ အိမ်ထောင်ကျပြီး လာနေတာ၊ ဘယ်အဖွဲ့က သတ်တာလဲ ဆိုတာ ကျွန်တော်တို့လဲ မသိဘူး၊ ကျနော်တို့ရွာက […]


