ရော်ဘာအစေးရည်စျေးနှုန်း ပြုတ်ကျ
diz_admin
November 9, 2021ရာသီဖွင့်စက စျေးကောင်းခဲ့သည့် ရော်ဘာအစေးရည်စျေးနှုန်းမှာ လက်ရှိအချိန်တွင် တစ်ပေါင်လျှင် ၂၅၀ ကျပ်ကွာဟသွားပြီး စျေးကျသွားခဲ့သည်။ ရာသီစသည့် ယခုနှစ်အောက်တိုဘာလအတွင်းက ရော်ဘာအစေးရည်တစ်ပေါင် (Dry Rubber Content) လျှင် ၁၂၅၀ ကျပ် ပေါက်စျေးရှိပြီး လက်ရှိတွင် ကျပ်တစ်ထောင်သာ ရှိတော့သည်။ ငွေကြေးလဲလှယ်မှုနှုန်းထား၊ ငွေကြေးမူဝါဒ နှင့် ကမ္ဘာ့ရော်ဘာစျေး အနည်းငယ်ကျဆင်းနေခြင်းတို့ကြောင့် ရော်ဘာအစေးရည် စျေးနှုန်းကျသွားခြင်းဖြစ်ကြောင်း ထားဝယ်ရွှေပြည်အဆင့်မြင့်မှိုင်းခံစက်ရုံ မန်နေဂျာ ဦးဘိုဘိုက ဆိုသည်။ “ကမ္ဘာ့စျေးကွက်က နည်းနည်း(စျေး)လျော့ကျလာတာကလည်း တစ်ပိုင်းပေါ့ခင်ဗျား”ဟု ၎င်းက ပြောသည်။ ၎င်းတို့စက်ရုံမှ တစ်ရက်လျှင် ပျမ်းမျှ ရော်ဘာအစေးရည် ပေါင်နှစ်သောင်းခွဲ နှင့် ပေါင်သုံးသောင်းကြား ဝယ်ယူနေကြောင်း ဦးဘိုဘိုက ဆိုသည်။ ပြီးခဲ့သည့်နှစ်က ရာသီဖွင့်ဈေးမှာ ရော်ဘာစေးတစ်ပေါင်လျှင် ၇၅၀ ကျပ်ဝန်းကျင်ရှိပြီး ရာသီပိတ်ချိန်တွင် ၉၀၀ ကျပ် […]


