ထားဝယ်တွင် စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ
diz_admin
November 3, 2021ထားဝယ်မြို့နယ်၊ ဟာမြင်းကြီးကျေးရွာအုပ်စု၊ မြေးခန္တီရွာအနီးတွင် နိုဝင်ဘာလ ၃ ရက် နံနက်ခြောက်နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သစ်ကတို့ရွာနှင့် မြေးခန္တီရွာအနီးတွင် ခြေလျင်ခရီး တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (Local-PDF) ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်ကောင်စီဘက်က ငါးဦးသေဆုံးကြောင်း ဒေသခံရွာသား တစ်ဦးက ဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ “ဘယ်လိုလုပ်အတည်ပြုရလဲဆို အလောင်းလဲ မြင်ရတယ်၊ ပြီးတော့ အလောင်းတော့ မသယ်ထုတ်သေးဘူး၊ သူတို့ အင်အားထပ်ဖြည့်နေတယ်ဆိုကြားတယ်၊ စဝင်လာတည်းက လက်နက်ကြီးနဲ့ရော လက်နက်ငယ်နဲ့ရော ပစ်နေတယ်၊ အခုလောလောဆယ်တော့ နားထားတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးသည်နှင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်နေသဖြင့် […]


