နဘုလယ်ဒေသတွင် ကျောင်းဆရာတစ်ဦး အပါအဝင် လေးဦး အဖမ်းခံရ
diz_admin
November 25, 2021ထားဝယ်ခရိုင် နဘုလယ်ဒေသ ထိန်ကြီးရွာတွင် နိုဝင်ဘာ ၂၄ ရက်နေ့ည ၁၁ နာရီခန့်က ကျောင်းဆရာတစ်ဦး၊ NLD ပါတီဝင်တစ်ဦးအပါအဝင် စုစုပေါင်း လေးဦး အဖမ်းခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက အတည်ပြုပြောဆိုသည်။ အဆိုပါဖမ်းဆီးခံရသူများမှာ ထိန်ကြီး ကျေးရွာနေ ဦးနေဇာ၊ ဦးမြတ်စိုး၊ ဦးစိုးသိန်း၊ မရုပ်မဒု ဆိုသူတို့ဖြစ်သည်။ “ည ဆယ်တစ်နာရီလောက်က ဝင်ဖမ်းတယ်။ ရွာကသတင်းပေးတဲ့သူက အမြဲတမ်းသူတို့နဲ့ပါနေတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။ ဦးနေဇာသည် ရေဖြူမြို့နယ် နဘုလယ်ဒေသ ဘဝါ ကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်ဆရာတစ်ဦးဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဦးမြတ်စိုးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဖမ်းဆီခံရသူ လေးဦးစလုံးကို နိုဝင်ဘာ ၂၅ ယနေ့မနက်ပိုင်းအထိတွင် ဧကနိကျေးရွာ ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။ ရေဖြူမြို့နယ် မြောက်ပိုင်းတွင် […]


