ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရော်ဘာခြစ်ရန်သွားသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

diz_admin

December 8, 2021

သရက်ချောင်းမြို့နယ် မိုးရွှေကုန်းရွာက အမျိုးသမီးတစ်ဦးသည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရော်ဘာခြစ်ရန် သွားစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဆေးရုံတွင် ဆေးကုသနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေနတ် ပစ်ခံရသည့် အမျိုးသမီးမှာ အသက် ၄၀ ကျော်အရွယ် အရပ်ခေါ် ဒေါ်မဆဲဆိုသူဖြစ်ပြီး ယင်းကျေးရွာရှိ ရော်ဘာခြံသို့ နံနက် ၄ နာရီခန့်တွင် သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၎င်းအမျိုးသမီးအား ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “ရာဘာခြစ်ဖို့ သွားတဲ့အချိန် ပျူစေားထီးအဖွဲ့ ရွာထဲလှည့်နေတာနဲ့ တိုးပြီး ပစ်ခံရတာ။ မှောင်နေ‌တော့ ဘယ်သူမှန်း မသိဘဲနဲ့ ပစ်လိုက်တာ ထင်တယ်။ ပထမတစ်ချက်ပစ်တာ ခြေထောက်ကို ထိသွားပြီးမှ ထပြေးတဲ့အချိန် ထပ်ပစ်တာ ဗိုက်ကို […]

ထားဝယ်အာယုဒါန အောက်ဆီဂျင်စက်သစ် မိနစ် ၈ဝလျှင် ၄ဝလီတာ ခြောက်အိုးထုတ်

diz_admin

December 7, 2021

ထားဝယ်မြို့ရှိ အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်အသစ်သည် မိနစ်ရှစ်ဆယ်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ခြောက်လုံးထုတ်လုပ်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အောက်ဆီဂျင်စက်အသစ်ကို နိုဝင်ဘာလလယ်ပိုင်းတွင် စတင်လည်ပတ်နေကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ ဦးအောင်မြင့်က ဆိုသည်။ အဆိုပါ စက်အသစ်မှာ ၈ နာရီလည်ပတ်ပြီးလျှင် ၁ နာရီ အနားပေးနေကြောင်း ၎င်းက ပြောသည်။ အာယုဒါနအဖွဲ့တွင် ယခင်ကတည်းကပင် လည်ပတ်နေသည့် အောက်ဆီဂျင်ထုတ်စက်တစ်လုံးရှိပြီး လက်ရှိတွင် အဆိုပါစက်က ၁၅ လီတာနှင့် ၂၀ လီတာအိုးများကို ဖြည့်ပေးနေကြောင်း ဦးအောင်မြင့်က ဆိုသည်။ “စက်အဟောင်းက အိုး အငယ် လိုအပ်ချက်တွေကို ဖြည့်ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။ အာယုဒါန အောက်ဆီဂျင်စက်မှ ထွက်သည့် အောက်ဆီဂျင်ကို ထားဝယ်ဆေးရုံကြီးရှိ ကလေးအဆောင်၊ အခြားမြို့နယ် ဆေးရုံများနှင့် […]

လောင်းလုံးတွင် စစ်ကြောင်းများတက်လာသဖြင့် ဥယျာဉ်ခြံနှင့် ရေလုပ်သားများ စိုးရိမ်

diz_admin

December 7, 2021

လောင်းလုံးမြို့နယ်တောင်ဘက် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာနှင့် တီဇစ်ကျေးရွာအနီးရှိ တောင်ကြောတွင် စစ်ကောင်စီစစ်တပ် စစ်ကြောင်းများ တက်လာသဖြင့် ဒေသခံ ‌ဥယျာဉ်ခြံ အလုပ်သမား များနှင့် ရေလုပ်သားများ စိုးရိမ်ကာ အလုပ်သို့ မသွားရဲဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယနေ့ (ဒီဇင်ဘာ ၇) နံနက် ၇ နာရီခန့်တွင် စစ်တပ်က ကဒက်ငယ်ထိန်ကျေးရွာရှိ နဘေထပ်တောင်ပေါ်သို့ စစ်ကြောင်းထိုးတက်သွားခဲ့ပြီး ၁၀ နာရီကျော်တွင်လည်း တီဇစ်ကျေးရွာဖက်သို့ စစ်သားများ ကားဖြင့် ဝင်သွားသည်ကို မြင်ရကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကဲ့သို့ စစ်ရေးလှုပ်ရှားမှု ရှိနေသဖြင့် ကဒက်ငယ်ထိန်ရွာက ဥယျာဉ်ခြံအလုပ်သမားများနှင့် တီဇစ် ကျေးရွာက ရေလုပ်သားများ အလုပ် မသွားရဲတော့ကြောင်း ယင်းဒေသခံတို့က ပြောကြားသည်။ “အဓိကတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တာပါ” ဟု တီဇစ်ဒေသခံတစ်ဦးက ဆိုသည်။ […]

ထားဝယ်ထွက် ရေကြည်ငါးခြောက် ဈေးနှစ်ဆတက်

diz_admin

December 7, 2021

ထားဝယ်ဒေသထွက်သည့် ရေကြည်ငါး ခေါ် ငါးနီတူခြောက် တစ်ပိဿာလျှင် ရာသီဖွင့်ဈေး နှုန်းသည် ယခင်နှစ်ထက် နှစ်ဆ ဈေးတက်နေကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ရေကြည်ငါးခြောက် တစ်ပိဿာကို အကြီးအသေးပေါ်မူတည်ပြီး ယခင်နှစ်က ငွေကျပ် လေးထောင်‌၊ လေးထောင့်ငါးရာကျပ် ပေါက်ဈေးရှိရာမှ ယခုနှစ်တွင် ကျပ်ရှစ်ထောင်၊ ကိုးထောင် ဝန်းကျင်ခန့် ရှိကြောင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာမှ ယင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီနှစ်က ဆီဈေးကလည်း ကြီးတယ်။ ငါးလည်း နည်းတယ်။ အစိမ်းဝယ်ရတာတောင် အရင်နှစ်ကထက် ထက်ဝက် (ဈေး) ပေးဝယ်ရတာ” ဟု ၎င်းက ဆိုသည်။ ယခုနှစ်တွင် စက်သုံးဆီဈေးနှုန်းတက်ခြင်း၊ ငါး ဖမ်းဆီးရရှိမှု လျော့နည်းခြင်းတို့ကြောင့် ဈေးတက်ခြင်း ဖြစ်နိုင်ကြောင်း ပင်လယ်ရေထွက်ကုန် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ရေကြည်ငါး အစိမ်း […]

ကလုံထာရွာအနီးတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

diz_admin

December 7, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလုံထာကျေးရွာအနီးတွင် ဒလန်ဟု ကျော်ဇောသတင်းရှိသူ အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီခန့်တွင် ကလုံထာရွာအနီးက ရေနက်ဆိပ်ကမ်းလမ်းပိုင်းတစ်နေရာတွင် ဦးဘသိန်းဆိုသူ ပစ်သတ်ခံခဲ့ရပြီး ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ကလုံထာကျေးရွာဒေသခံ ဦးအောင်စိုး ဆိုသူမှာလည်း ကလုံထာရွာထိပ်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောကြားသည်။ ဦးဘသိန်းဆိုသူမှာ ကလုံထာကျေးရွာအနီး ဥယျာဉ်ခြံလာ‌လုပ်ကိုင်နေသည့် ထားဝယ်မြို့ခံတစ်ဦးဖြစ်ပြီး ရေနက်ဆိပ်ကမ်းလမ်းတွင် ကားဖြင့်သွားနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးဘသိန်းနှင့် ဦးအောင်စိုးတို့နှစ်ဦး စစ်ကောင်စီကို အားပေးထောက်ခံကာ ဒလန်လုပ်သဖြင့် သုတ်သင် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း DGRF (Dawei Guerrilla Revolutionary Force) အဖွဲ့က ဒီဇင်ဘာလ […]

စော်ဖျားရွာတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးနောက် ပျူစောထီးများ သေနတ်ပစ်ဖောက်၊ ဆန္ဒပြရာတွင် ကူညီပေးသူတစ်ဦးလည်း ရော်ဘာခြံတွင် သေဆုံး

diz_admin

December 4, 2021

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် ဒီဇင်ဘာလ ၃ ရက် နံနက် ၃ နာရီခွဲခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ကျေးရွာအတွင်း ပျူစောထီးအဖွဲ့ဝင်များ သေနတ် ပစ်ဖောက်ကြကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ ယင်းအပြင် ဆန္ဒပြရာတွင် ကူညီပေးသဖြင့် ခြိမ်းခြောက်ခံရသောကြောင့် ရော်ဘာခြံတွင် တိမ်းရှောင်နေသူ အမျိုးသားတစ်ဦးလည်း ဒီဇင်ဘာလ ၃ ရက်နေ့ညတွင် ဦးခေါင်း ထိခိုက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ အသက် ၄၅နှစ်အရွယ် ဦးဖိုထူးဖြစ်ပြီး ရော်ဘာခြံအတွင်း ရော်ဘာခြစ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကာ ပေါင်တွင် ကျည်ထိမှန်ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “ဒဏ်ရာတော့ မပြင်းဘူး။ လောလောဆယ်တော့ ဆေးခန်းပြနေတယ် ထင်တယ်။ ဘယ်သူတွေ လာပစ်လဲ ဆိုတော့ […]

ရေဖြူတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

December 3, 2021

ထားဝယ်ခရိုင် ရေဖြူမြို့ (ဃ) ရပ်ကွက် (ဆင်းသေရွာ) က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးနိုင် ခေါ် ဦးအာလူးဆိုသူ ယနေ့ (ဒီဇင်ဘာ ၃) နံနက် ၇ နာရီခန့်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရ သည်။ နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး အရေးပေါ်ကားဖြင့် ထားဝယ် ဆေးရုံ သို့ တင်ဆောင်သွားသော်လည်း သေဆုံးသွားကြောင်း၊ သေနတ်သမားက မည်ကဲ့သို့ လာရောက် ပစ်ခတ်ခံသည်ကိုမူ မသိလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လည်ပင်းမှာ သေနတ်ထိပြီး အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံ တင်သွားတယ်။ ဟိုရောက်တော့ သေသွားတယ်လို့ သတင်းကြားရတယ်” ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ဦးစိုးနိုင် ပစ်သတ်ခံရပြီးနောက် (ဃ) ရပ်ကွက်နေထိုင်သူ အသက် ၇၀ […]

တနင်္သာရီအပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာ ဆေးခန်းရက်ချိန်းပျက်မှု မြင့်တက်

diz_admin

December 2, 2021

စစ်အာဏာသိမ်းပြီးနောက် မတည်မငြိမ်မှုများကြောင့် တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာများ ဆေးခန်းရက်ချိန်းပျက်ကွက်မှု မြင့်တက်လာကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) နှင့် တနင်္သာရီအခြေစိုက် လူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။ စစ်အာဏာသိမ်းသည့် ယခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ဆယ်လတာကာလအတွင်း တစ်နိုင်ငံလုံးတွင် ဆေးခန်းရက်ချိန်း ပျက်ကွက်မှု ၂၉၂၉ ခုရှိကြောင်း၊ အဆိုပါ ပျက်ကွက်မှု ပမာဏသည် ယမန်နှစ်ထက် ၈၉ ရာခိုင်နှုန်း ပိုများလာကြောင်း ကမ္ဘာ့ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည့် MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆက်သွယ်၍ မရသည့် လူနာများစွာ ရှိနေကြာင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုင်းနှင့် ပြည်နယ်အလိုက် ဆေးခန်းရက်ချိန်း ပျက်ကွက်သည့် […]