စင်ကာပူကုမ္ပဏီ ဒီဇိုင်းထုတ်သည့် ထားဝယ်အဝေးပြေးဝင်းအသစ် လာမည့်နှစ် အပြီးဆောက်မည်
diz_admin
January 7, 2022ထားဝယ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းအသစ်အား ၂၀၂၃ ခုနှစ် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း တည်ဆောက်လုပ်ကိုင်ခွင့်ရထားသည့် ခန့်ရွှေပြည်ကုမ္ပဏီထံမှ သိရသည်။ မြို့အဝင်ဆိုင်းဘုတ် Welcome to Dawei အနီး သဗြေချောင်းရွာရှိ မြေအကျယ်အဝန်း ၅၆ ဧကပေါ်တွင် phase (အဆင့်) နှစ်ခုခွဲကာ တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါကုမ္ပဏီ၏ စီမံကိန်းအချက်အလက် အရ သိရသည်။ ယင်းလယ်ကွက်အား ၂၀၁၆ ခုနှစ်ကတည်းက ဝယ်ယူပြီး အခြားနည်းအသုံးပြုခွင့် လျှောက်ထားခဲ့ကြောင်း ခန့်ရွှေပြည်ကုမ္ပဏီ ဥက္ကဋ္ဌက ပြောသည်။ အဆိုပါမြေ ၅၆ ဧကအနက် ဧက ၂၀ ပေါ်တွင် အဝေးပြေးယာဉ် ရပ်နားစခန်းတည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် မြေပြင်ရှင်းလင်းနေကြောင်း ၎င်းက ဆိုသည်။ အဆိုပါ မြေဧက ၂၀ ပေါ်တွင် ခရီးသည်ကားဝင်း၊ ထွက်ခွာဆောင်၊ ကုန်ကားဝင်း၊ ကုန်စိမ်းလက်ကားဈေး၊ ဆီဆိုင်တစ်ဆိုင် […]


