ထားဝယ်တွင် ကမ္ဘောဇဘဏ်နာမည် အသုံးပြုကာ ငွေလိမ်လည်မှု ဖြစ်ပွား
diz_admin
March 13, 2020ထားဝယ်မြို့တွင် ကမ္ဘောဇဘဏ် ဝန်ထမ်းကဲ့သို့ အယောင်ဆောင်ပြီး KBZ Pay၊ ငွေစုစာအုပ်တို့ရှိ ငွေကြေး များကို လိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့ကြောင်း ငွေလိမ်ခံခဲ့ရသူအချို့ထံမှ သိရ သည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က ထားဝယ်မြို့ ဆန်းချီတိုးချဲ့မြို့သစ်ရပ်ကွက်နေ အွန်လိုင်းဈေးရောင်းသူတစ်ဦး ဖြစ်သည့် မဇာဇာနှင့် ဂျိမ်းစဘွန်း ရေထွက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင် ရှင်တို့ အလိမ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့ နှစ်ဦးထံမှ သိရသည်။ မဇာဇာတွင် အွန်လိုင်းဈေးရောင်းရာ၌ ငွေပေးချေရန်အတွက် ကမ္ဘောဇ ဘဏ် ငွေစုစာအုပ်တွင် ထည့်သွင်းထား သည့် ငွေကျပ် သုံးသိန်းနှင့် ဂျိမ်းစဘွန်း ရေထွက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တွင် မူ ဖုန်းငွေဖြည့်ရန်အတွက် KBZ Pay တွင် ထည့်သွင်းထားသော ငွေကျပ် တစ်သောင်း အလိမ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မဇာဇာတွင် KBZ […]


