မောင်းမကန်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးတစ်ဦး ပစ်သတ်ခံရ
diz_admin
June 9, 2022လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ယနေ့(ဇွန် ၉) မွန်းလွဲပိုင်းက အသက်ခြောက်ဆယ်ဝန်းကျင် အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ ယင်းကျေးရွာနေ ဦးစံတင်ဆိုသူဖြစ်ပြီး ကျေးရွာအရန်မီးသတ် တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဟုလည်း ဒေသခံများကပြောကြသည်။ ပင်လယ်ကမ်းခြေအနီးရှိ ၎င်း၏နေအိမ်အနီးတွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်ကျော်ခန့်က ပစ်သတ်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သူက ဒလန်အကြီးစားလို့ သတ်မှတ်ခံထားရသူပေါ့ စစ်ကားတွေပေါ်မှာလည်း လိုက်ပါနေတတ်တယ် ချက်ကောင်းကိုထိသွားတယ် ထင်တယ်”ဟု ၎င်းကပြောသည်။ ဦးစံတင်အား လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)နှင့် Dawei Guerrilla Revolutionary Force(DGRF) တို့ပူးပေါင်း၍ ရှင်းလင်းခဲ့သည်ဟု ယင်းအဖွဲ့များ၏ ထုတ်ပြန်ချက်အရသိရသည်။ ယင်းအမျိုးသားမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး တာဝန်ယူထားသူဖြစ်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးစော်ကားရန် ကြံစည်လာသောကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ မောင်းမကန်ကမ်းခြေသည် လောင်းလုံးမြို့နယ် […]


