ထားဝယ်တွင် ယနေ့ ကိုဗစ်ကြောင့် တစ်ဦးသေဆုံး
diz_admin
February 19, 2022ကိုဗစ် ကူးစက်မှု နေ့စဉ် များပြားမြင့်တက်လာနေသည့် ထားဝယ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၁၉) ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦးရှိကြောင်း နာရေးကူညီမှု-ထားဝယ်က ထုတ်ပြန်ထားသည်။ ထားဝယ်ဆေးရုံကြီးက ကိုဗစ်ဖြင့် သေဆုံးသူရှိသည်ဟု အကြောင်းကြားလာသဖြင့် နာရေးကူညီမှု-ထားဝယ်က အလောင်းကို သယ်ယူကာ မီးသင်္ဂြိုဟ်ပေးခဲ့ရကြောင်း ယင်းအသင်းထံမှ သိရသည်။ အသက် ၅၉ နှစ်ခန့်ရှိ သေဆုံးသူ အမျိုးသမီးမှာ ရေဖြူမြို့နယ်က ဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်မှ အသက် ၅၂ နှစ်ခန့်ရှိ အမျိုးသမီး တစ်ဦး ကိုဗစ်ကြောင့် သေဆုံးခဲ့သဖြင့် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း နာရေးကူညီမှု-ထားဝယ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ကိုဗစ်ဗီဇမျိုးကွဲသစ် အိုမီခရွန်တွေ့ရှိလာသည့် မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်များ တစ်ကျော့ပြန် တွေ့လာရပြီး ဖေဖော်ဝါရီလ […]


