လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု အသိမ်းခံရ၊ အဖွဲ့ဝင်တစ်ဦးလည်း အဖမ်းခံရ
diz_admin
July 4, 2022လောင်းလုံးမြို့နယ်က PDF စခန်းတစ်ခု ဇွန်လ ၃၀ ရက်က အသိမ်းခံခဲ့ရပြီး အဖွဲ့ဝင်တစ်ဦးလည်း သေနတ်ဒဏ်ရာဖြင့် အဖမ်းခံထားရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဇူလိုင် ၄) သတင်းထုတ်ပြန်သည်။ လောင်းလုံးမြို့နယ် ကျောက်ဆင်းကျေးရွာအုပ်စု ကမ်းပနီကျေးရွာအနီး တောထဲတစ်နေရာရှိ PDF စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကမ်းပနီကျေးရွာသည် ထားဝယ် မျှော်ရစ်ဘုရားသွား လမ်းပေါ်တွင်တည်ရှိသည့် ပင်လယ်ကမ်းခြေရွာ တစ်ရွာဖြစ်ပြီး ထားဝယ်မြို့မှ ၁၆ မိုင်၊ လောင်းလုံးမြို့မှ ၂၆ မိုင်၊ မောင်းမကန်ကမ်းခြေမှ ၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဒလန်သတင်းပေးမှုကြောင့် အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခဲ့ရာ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ်ရာဖြင့် အဖမ်းခံရပြီး ကျန်အဖွဲ့ဝင်များ လွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် […]


