ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးရှိ ကျေးရွာအချို့တွင် ဖျားနာသူများပြား

diz_admin

February 24, 2022

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ နှာစေခြင်း၊ အသံဝင်ခြင်း စသည့် လက္ခဏာများဖြင့် ဖျားနာသူများပြားလာနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါလက္ခဏာများပြပြီး ဖျားနာပါက နီးစပ်ရာ ဆေးကုသပေးနေသူများ၏ ဆေးဝါးများဖြင့် ကုသပျောက်ကင်းနေကြသဖြင့် ကျန်းမာရေးဌာနထံ ကိုဗစ်ရောဂါ သွားရောက်စစ်ဆေးခြင်း မလုပ်ဆောင်ကြတော့ကြောင်း ၎င်းဒေသခံတို့က ပြောသည်။ “တစ်အိမ်မှာ တစ်ယောက်ဖျားပြီဆို နောက်တစ်ယောက်ပါ ကူးတော့တာပဲ။ အဲဒီလိုဖြစ်နေကြတာ ရွာတိုင်းလိုလိုမှာ” ဟု လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆေးကုသပေးနေသူတစ်ဦးက ဆိုသည်။ ဖျားနာသူအများစုမှာ ကျန်းမာရေးဌာနအပါအဝင် ပရဟိတအဖွဲ့များထံတွင်လည်း စစ်ဆေးခံခြင်းမရှိသဖြင့် ကိုဗစ်ရောဂါ ဟုတ်၊ မဟုတ် ပြောဆိုရန် အခက်အခဲရှိကြောင်း ကို‌ဗစ်စစ်ပေးနေသည့် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခုက အလှူပွဲတွေ၊ မင်္ဂလာဆောင်တွေကလည်း ရှိနေတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်မူတွေ […]

လောင်းလုံးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံး

diz_admin

February 23, 2022

လောင်းလုံးမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၃) မွန်းလွဲပိုင်းက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ရွာ ဆီဆိုင်အနီးတွင် လူသုံးဦး ဆိုင်ကယ်ဖြင့် လာရောက်ပြီး ဆိုင်ကယ်ပေါ်မှ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံက ငါးချက်လောက်ကြားတယ်။ ထွက်ကြည့်တော့ လူက လဲကျနေပြီ” ဟု ယင်းဒေသခံက ပြောဆိုသည်။ သေဆုံးသူမှာ သဘော့ဆိပ်ရွာတွင် နေထိုင်သော ဦးနေမင်းထွန်း (ခေါ်) ဘခင် ဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးနေမင်းထွန်း၏ ညာဘက် ရင်ဘက်တွင် ဒဏ်ရာရရှိပြီး ထားဝယ် တပ်နယ်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုကို မည်သည့်ပုဂ္ဂိုလ် […]

လောင်းလုံး သဗျာရွာတွင် ဖမ်းခံရသူများပြန်လွတ်

diz_admin

February 23, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဗျာကျေးရွာ အအေးဆိုင်တစ်ဆိုင်တွင် အဖမ်းခံခဲ့ရသည့် လူငယ်များအားလုံး ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်က သဗျာရွာ အအေးဆိုင်တစ်ဆိုင်တွင် ပြုလုပ်သည့် မွေးနေ့ပွဲသို့ သွားရောက်စဉ် ဆန္ဒပြရန် လူစုနေသည်ဟူသည့် သံသယဖြစ် ဖမ်းဆီးစစ်ဆေးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် အဖမ်းခံရပြီး ယင်းနေ့ ည ၈ နာရီခန့်တွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ “မွေးနေ့ကိတ်ခွဲမလို့ လုပ်နေတုန်းပဲ ရှိသေးတယ်။ အဲဒီမှာ အဖမ်းခံရတာပေါ့နော်။ ဖမ်းပြီးတော့ သူတို့ မေးစရာရှိတာ မေးပြီး အဲဒီညမှာပဲ ပြန်လွှတ်ပေးလိုက်တယ်” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။ အဖမ်းခံရသည့် လူငယ်များမှာ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် […]

နှစ်ခြောက်လုံးနေ့ ထားဝယ်တွင် နေရာ လေးခုထက်မနည်း ဆန္ဒပြ

diz_admin

February 22, 2022

နှစ်ခြောက်လုံးနေ့ ထားဝယ်ခရိုင်သပိတ်ကို လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့နယ် သုံးခုနှင့် ကံပေါက်ဒေသတွင် ယနေ့ (ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် ပြုလုပ်ကြကြောင်း ယင်းဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူများထံမှ သိရသည်။ “ပြန်လည်စုရုံး နှစ်ခြောက်လုံး” ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူစည်ကားသည့် ဈေးနှင့် လမ်းပေါ် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်ဖြုတ်ချရေးစသည့် ကြွေးကြော်သံများကိုလည်း ကြွေးကြော်ကြကြောင်း ၎င်းတို့ထံမှ သိရသည်။ အချို့မှာ အထက်ပါကြွေးကြော်သံ စာပြားများကိုင်ဆောင်ကာ အိမ်တွင်းသပိတ်တွင် ပါဝင်ခြင်း၊ ယင်းစာပြားများကို လမ်းများတွင်ချထားခြင်း စသဖြင့် ပုံစံအမျိုးမျိုးဖြင့်လည်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။ ပြည်သူလူထုတစ်ရပ်လုံး ပြန်လည်စုစည်း ရုန်းထကြဖို့ ရည်ရွယ်ကာ “ပြန်လည်စုရုံး နှစ်ခြောက်လုံး” သပိတ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပြုလုပ်ကြာတာဖြစ်သည်။ ယင်းအပြင် မြန်မာ့ရိုးရာသနပ်ခါးများ လိမ်းကာ၊ ဦးထုတ် […]

ထားဝယ်မှာ ကိုဗစ်ကြောင့် သေဆုံးမှု သုံးရက်ဆက်တိုက်ရှိ

diz_admin

February 22, 2022

ထားဝယ်တွင် ကိုဗစ်ကြောင့် ယနေ့လည်း သေဆုံးသူတစ်ဦးရှိပြီး သေဆုံးမှု သုံးရက်ဆက်တိုက်ရှိလာပြီ ဖြစ်ကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၂) ထားဝယ်ဆေးရုံကြီးတွင် ကိုဗစ်ရောဂါဖြင့် အမျိုးသားတစ်ဦး ထပ်မံ သေဆုံးကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။ သေဆုံးသူ အမျိုးသားမှာ အသက် ၅၄ ခန့်ရှိပြီဖြစ်ပြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦး၊ ၂၀ ရက်နေ့တွင် တစ်ဦး၊ ယနေ့ ၂၂ ရက်နေ့တွင် တစ်ဦး ရှိလာခြင်း ဖြစ်သည်။ ဖေ‌ဖော်ဝါရီလ ၂၁ ရက်က တိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၉၅ ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ် […]

ထားဝယ်တွင် ကိုဗစ်သေဆုံးလူနာ စတင်တွေ့ရှိပြီးနောက် မြို့ဝင်ထွက် ဂိတ်တွင် ဆေးထိုးလက်မှတ်ပြန်စစ်

diz_admin

February 22, 2022

ထားဝယ်တွင် ကိုဗစ်သေဆုံးလူနာ စတင်တွေ့ရှိရပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ မြို့အဝင်အထွက်ဂိတ်များတွင် ကိုဗစ်ဆေးထိုးပြီးကြောင်း လက်မှတ်အပါအဝင် မှတ်ပုံတင်လည်း စစ်ဆေး နေသည်ဟု ဒေသခံတို့ထံမှသိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့များတွင် ရေဖြူမြို့နယ်မှ အသက် ၅၉ နှင့် အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် လောင်းလုံးမြို့နယ် လေးသွန်းခံရွာမှအသက် ၆၀ အရွယ်ခန့် အမျိုးသမီးတို့သည် ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့သည်ဟု ထားဝယ်နာရေးကူညီမှုအသင်းက ထုတ်ပြန်ထားသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ မြို့အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးထိုးပြီးလက်မှတ်အပါအဝင်၊ မှတ်ပုံတင်၊ ထောက်ခံစာများလည်း စစ်ဆေးနေကြောင်း ခရီးသွားဒေသခံများက ပြောသည်။ “ကမြောကင်းတံတားဂိတ်မှာ စစ်တယ်။ ဆေးထိုးလက်မှတ် မပါရင် ပြန်သွားယူခိုင်းတယ် မြို့ထဲပေးမဝင်ဘူး”ဟု ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာနေသော […]

မြို့နယ်ငါးခုက စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာများလိုအပ်

diz_admin

February 21, 2022

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ငါးခုက စစ်ဘေးရှောင် ငါးထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ စော်ဖျားရွာ၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုတို့မှ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်ရှိသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူအချို့က ပြောသည်။ တိုင်းအတွင်း စစ်ဘေးရှောင်စခန်းများမှာ ထားဝယ်နှင့် ရေဖြူမြို့နယ်တွင် နှစ်ခု၊ ပုလောမြို့နယ်တွင် တစ်ခု စုစုပေါင်း နေရာ သုံးခုသာရှိကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများထံမှ သိရသည်။ ထားဝယ်၊ ရေဖြူ စစ်ရှောင်စခန်း နှစ်ခုနှင့် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများ၊ အဝတ်အထည်နှင့် နေထိုင်ရန် အဆောက်အအုံများ လိုအပ်နေကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ […]

ထားဝယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူထပ်တိုး

diz_admin

February 20, 2022

ထားဝယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၀) ကိုဗစ်ကြောင့် သေဆုံးသူ အမျိုးသမီးတစ်ဦး ထပ်တိုးလာကြောင်း နာရေးကူညီမှု-ထားဝယ် ထံမှ သိရသည်။ ယခုသေဆုံးသူ အသက် ၆၀ ခန့်ရှိ အမျိုးသမီးမှာ လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာမှဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။ အဆိုပါနေ့တွင်ပင် ရေဖြူမြို့နယ်က အသက် ၅၉ အရွယ် အမျိုးသမီးတစ်ဦးလည်း ကိုဗစ်ကြောင့် သေဆုံး သွားသဖြင့် မီးသင်္ဂြိုလ်ပေးခဲ့ရကြောင်း နာရေးကူညီမှု-ထားဝယ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ “ဒီဟာကို ပေါ့ပေါ့ပါးပါးနဲ့ သွားနေရတယ်ဆိုပြီး ထင်နေတုန်း။ တကယ်လည်း ပေါ့ပေါ့ပါးပါးနဲ့ သွားနေကြ တာကိုး။ အခုကူးနေတာ အိုမီခရွန်လား၊ […]