ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

နယ်စပ်က တရားမဝင်သွင်းသည့် အသားတုရောင်းလျှင် အရေးယူမည်ဟုဆို

diz_admin

February 10, 2022

နယ်စပ်က တရားမဝင် တင်သွင်းသည့် အသားချောင်း (ဒေသခေါ် အသားတု) ရောင်းချပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဖေဖော်ဝါရီ ၉ ထုတ်ပြန်လိုက်သည်။ အဆိုပါ တရားမဝင် တင်သွင်းသည့် အသားချောင်းများ စားသောက်ပြီးနောက် ဘေးဥပဒ်ဖြစ်နေသည့် အတွက် မစားသုံးကြရန်၊ မရောင်းဝယ်ကြရန် တားမြစ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအသားတု (အသားချောင်း) စားသောက်မိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အစာအဆိပ်သင့်ပြီး ကလေးအချို့ ဆေးရုံတင်ထားရပြီး ကလေးငယ်တစ်ဦး သေဆုံးကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။ ထားဝယ်ဒေသတွင်လည်း ထိုင်းနိုင်ငံထုတ် အသားတု (ကိုးရီးယားတုတ်ထိုး) များကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်စားသုံးနေကြသည်။ လက်ရှိ FDA က တားမြစ်လိုက်သည့် တုတ်ထိုး (အသားချောင်း) […]

ထားဝယ်မြို့လယ်ခေါင်တွင် လုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

diz_admin

February 9, 2022

ထားဝယ်မြို့လယ်ခေါင်ဖြစ်သော အောင်မင်္ဂလာရုပ်ရှင်ရုံအနီးတွင် လောင်းလုံးနယ်သား စီးပွားရေး လုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ အဆိုပါလုပ်ငန်းရှင်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက အဖြူရောင် SURF မော်တော်ယာဉ်ဖြင့် လာပြီး ရုပ်ရှင်ရုံအနီး ယာဉ်ပေါ်က အဆင်းတွင် ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ဦးရောက်လာပြီး ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အသံက မကြမ်းဘူး။ ဖောင်းခနဲပဲ။ ကားတံခါး ပိတ်ဖွင့်လုပ်တဲ့ အသံလောက်ပဲ ကြားရတယ်။ အနားက မိန်းခလေးငယ်တစ်ဦး လန့်ပြီးပြေးလာလို့ ထွက်ကြည့်တော့ လူကပလပ်ဖောင်းပေါ်လဲကျပြီး တဆန့်ဆန့် ဖြစ်နေသေးတယ်” ဟု အထက်ပါမျက်မြင်တွေ့ရှိသူက ပြောသည်။ ယင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ဝံတွင်းကျေးရွာနေ အသက် ခြောက်ဆယ်ကျော် ဝန်းကျင်အရွယ်ရှိ ဦးမင်းအောင် (ခေါ်) […]

စက်သုံးဆီဈေးတက်သဖြင့် ကယ်ရီသမားများ တွက်ခြေမကိုက်

diz_admin

February 7, 2022

စက်သုံးဆီ ဈေးတက်ခြင်းကြောင့် သုံးဘီးနှင့် ဆိုင်ကယ်ကယ်ရီဆွဲရာတွင် တွက်ခြေမကိုက်တော့သည့် အပြင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေသည့်အတွက်လည်း အကျပ်အတည်းဆိုက်ကြောင်း ထားဝယ် ဒေသရှိ ကယ်ရီသမားများက ပြောဆိုကြသည်။ အာဏာမသိမ်းမီက 92 ဓာတ်ဆီ တစ်လီတာလျှင် ၉၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၁၇၀၀ ကျပ်ဝန်းကျင်အထိ ဈေးတက်နေသည်။ ထိုသို့ စက်သုံးဆီ ဈေးတက်သော်လည်း ခရီးသည်ပို့ဆောင်ခမှာ ယခင်နှုန်းထားအတိုင်းသာ ပြေးဆွဲနေ ရသည့်အတွက် ဝင်ငွေနည်းပါးလာကြောင်း ထားဝယ်မြို့ပေါ်ရှိ သုံးဘီးကားမောင်းသူတစ်ဦးက ဆိုသည်။ သုံးဘီးကား ခရီးသည်ပို့ဆောင်ခမှာ ပျှမ်းမျှအားဖြင့် ခရီး တစ်မိုင်အကွာအဝေးအား ငွေကျပ် တစ်ထောင် ကျသင့်ကြောင်း ကယ်ရီသမားများက ပြောသည်။ ယင်းကဲ့သို့ အခင်းအကျင်းတွင် သုံးဘီး ပြုပြင်ထိန်းသိမ်းခြင်းအတွက် စက်အပိုပစ္စည်းဈေးတက်ခြင်းနှင့် အထွေထွေကုန်ဈေးနှုန်းတက်ခြင်းကြောင့် ပိုပြီးတွက်ခြေကိုက်မှုနည်းလာသည်ဟု ၎င်းတို့က ဆိုသည်။ “ခရီးသည်တွေမှာ […]

မောင်းမကန်တွင် လောင်းကစားဝိုင်းအနီး ဗုံးကွဲ

diz_admin

February 6, 2022

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာအနီးရှိ ရော်ဘာတောတွင် ယနေ့ (ဖေဖော်ဝါရီ ၆) နေ့လယ်ပိုင်းက ပြုလုပ်နေသည့် လောင်းကစားဝိုင်းအနီး ဗုံးပေါက်ကွဲကြောင်း မျက်မြင်တွေ့ရှိသူအချို့ထံမှ သိရသည်။ မောင်းမကန် – ကျောက်ဆင်လမ်းပိုင်း တစ်နေရာဖြစ်သည့် မောင်းမကန်ကွက်သစ် ရပ်ကွက်ရှိ ရော်ဘာ တောထဲတွင် လောင်းကစားဝိုင်း လုပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းပတ်ဝန်းကျင်တွင် လူနေအိမ်အချို့လည်း ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ ယင်းလောင်းကစားဝိုင်းအနီးရှိ အိမ်သာတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်ခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။ “ဗုံးက အိမ်သာထဲမှာ ပေါက်ကွဲတာ။ လူထိခိုက်မှု မရှိရအောင်လားတော့ မသိဘူး။ အိမ်သာတံခါးကိုလည်း အပြင်ကနေ ရိုက်ပိတ်ထားတယ်” ဟု ယင်းဒေသခံက ပြောသည်။ အဆိုပါဖောက်ခွဲမှုကို လောင်းကစားဝိုင်းအား သတိပေးသည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း PDF အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် […]

လောင်းလုံးတွင် သတ်ဖြတ်မြှုပ်နှံခံထားရသည့် အမျိုးသားသုံးဦး ရုပ်အလောင်းတွေ့

diz_admin

February 6, 2022

လောင်းလုံးမြို့နယ် ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာကြား ငါးအိမ်စုနေရာ ဥယျဉ်ခြံအနီး‌တွင် သတ်ဖြတ်မြှုပ်နှံခံထားရသည့် စစ်ပြဲရွာသား အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမျိုးသားသုံးဦးသည် ဖေဖာ်ဝါရီလ ၁ ရက်နေ့ ညနေ့ပိုင်းမှစ၍ ပျောက်ဆုံးနေသဖြင့် ၎င်းတို့ သွား လာလေ့ရှိသည့် နေရာများကို မိသားစုဝင်များက ရွာသားများနှင့်အတူ လိုက်လံရှာဖွေရာ ဖေဖာ်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “စတွေ့တာကတော့ မြေပုံကို တွေ့တာပေါ့နော်။ အဲဒီနေ့မှာ မတူးသေးဘူး။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပရဟိတအသင်းတွေရဲ့ အကူညီယူပြီးမှ ၅ ရက်နေ့ နေ့လယ်ပိုင်းလောက်မှ စတူးကြတာ” ဟု အလောင်းတူးရာတွင် ပါဝင်သော ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ အမျိုးသားသုံးဦးမှာ အသက် ၂၀ […]

မြေတိုက်ကျောင်းဆရာတော် အန္တိမ အဂ္ဂိဈာပန ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်

diz_admin

January 17, 2022

ဂဏဝိမုတ်ကူးတို့ဂိုဏ်း၏ တတိယဂိုဏ်းချုပ် ဆရာတော်ဖြစ်တော်ဖြစ်သည့် မြေတိုက်ကျောင်းဆရာတော် ခန္ဓာဝန်အား ‌ဇန်နဝါရီလ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် အန္တိမ အဂ္ဂိဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း တပည့်တကာတစ်ဦးက ပြောသည်။ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါရှိ ဘဒ္ဒန္တကလျာဏ (သဒ္ဓမ္မဇောတိကဓဇ) မြေတိုက်ကျောင်း‌ဆရာတော်သည် ဇန်နဝါရီလ ၁၅ ရက်တွင် ပျံလွန်တော်မူခြင်း ဖြစ်သည်။ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအား ထားဝယ်မြို့ ကညုံရပ်ကွက်ရှိ မြေတိုက်ကျောင်းတွင်ပင် ပြုလုပ်မည် ဖြစ်ကြောင်း တပည့်တကာတစ်ဦးက ဆိုသည်။ မြေတိုက်ကျောင်းဝင်းထဲရှိ နှစ် ၁၅၀ ကျော် သက်တမ်းရှိ သစ်သားကျောင်းဆောင်သည် ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်ညတွင် မီးလောင်းပျက်စီးသွားခဲ့သည်။ ဆရာတော်ဘဒ္ဒန္တကလျာဏသည် မီးလောင်သွားသည့်နေရာတွင် ယခင်လက်ရာအတိုင်း […]

လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီး စစ်ဆေးရေးဂိတ် မိုင်းပေါက်ကွဲ

diz_admin

January 17, 2022

လောင်းလုံးမြို့ မြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီး ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်တွင် ယနေ့ (ဇန်နဝါရီ ၁၇) နံနက် ၁၀ နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ‌လောင်းလုံး – ထားဝယ် ကားလမ်းနံဘေးရှိ မြို့အဝင်အထွက်တွင် ခရီးသွားပြည်သူများကို စစ်ဆေးမှု တင်းကျပ်လျှက်ရှိသည့် သဗျာကျေးရွာ မူကြိုကျောင်းရှေ့တွင်ရှိသော စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ လူကတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုး အခုထိ မကြားရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းနေရာတွင် မရှိဘဲ ပေါက်ကွဲမှု မဖြစ်ခင် နံနက်အစောပိုင်းတွင်သာ တစ်ဦးစ နှစ်ဦးစ တွေ့လိုက်ရကြောင်း ဒေသခံ နောက်တစ်ဦးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းသို့ […]

တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသူ ကိုးရာကျော်ရှိသည်ဟုဆို

diz_admin

January 17, 2022

တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံထားရသူ ၉၁၄ ဦးရှိကြောင်း ဖမ်းဆီးခံရသူများ၏ စာရင်းကို ပြုစုနေသည့် Bee Tenasserim အဖွဲ့ထံမှ သိရသည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ စာရင်းအရ ထားဝယ်ခရိုင်တွင် ဖမ်းဆီးခံရသူ အများဆုံးဖြစ်ပြီး ၆၂၅ ဦး ရှိကြောင်း ယင်းအဖွဲ့၏ စာရင်းများ အရ သိရသည်။ မြိတ်ခရိုင်တွင် ၂၁၆ ဦး၊ ကော့သောင်းခရိုင်တွင် ၇၂ ဦး အဖမ်းခံထားရကြောင်း Bee Tenasserim အဖွဲ့ထံမှ သိရသည်။ ထားဝယ်ခရိုင်၌ ဖမ်းဆီးခံထားရသူများအနက် အမျိုးသား ၄၄၅ ဦး၊ အမျိုးသမီး ၁၈၀ ဦးရှိပြီး မြိတ်ခရိုင်တွင် အမျိုးသား ၁၅၉ […]