လက်နက်ကြီးကျည်ကျ၍ စုံစင်ဖျားရွာခံ ၂ ဦးသေဆုံး
diz_admin
June 4, 2022သရက်ရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦးနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ သရက်ချောင်းမြို့နယ် သဲချောင်းကြီး ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF ) က ဝင်တိုက်ရာမှ စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်နာရီခန့်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စုံစင်ဖျားရွာထဲသို့ လက်နက်ကြီးကျည် ကျခဲ့ခြင်းဖြစ်သည်။ “(စုံစင်ဖျား)ရွာထိပ်မှာမီးသတ်ရုံးရှိတယ် အဲဒီကနေ လက်နက်ငယ်နဲ့လည်းပစ်တယ် လက်နက်ကြီးက တစ်ချက်ပေါ့ အဲတစ်ချက်ကရွာထဲမှာကျတာ”ဟု ၎င်းကပြောသည်။ ယင်းလက်နက်ကြီး ကျရောက်မှုကြောင့် စုံစင်ရွာသား အသက်သုံးဆယ်ကျော်အရွယ်ရှိ ကိုသက်ထွေးဆိုသူမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ရှိ မလဲ့လဲ့ဝင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသဖြင့် ရငဲဆေးရုံသို့တင်ပို့ရာ ယင်းနေ့ည တွင်ပင်သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ သေဆုံးသူအမျိုးသမီးငယ်မှာ သရက်ချောင်းမြို့နယ် […]


