စစ်ကောင်စီတပ်စခန်း နှစ်ခုတိုက်ခိုက်ခံရ၊ လောင်းလုံး PDF တစ်ဦးကျဆုံး
Dawei Watch
June 19, 2023လောင်းလုံးမြို့နယ် မြို့မရဲစခန်းနှင့် အင်းဝတောင် စစ်ကောင်စီတပ်စခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွင် ပကဖ အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။ ပြီးခဲ့သည့်ဇွန်လ ၁၂ ရက် ည ဆယ်နာရီ ခွဲအချိန်တွင် လောင်းလုံးမြို့မ ရဲစခန်းနှင့် သဲပုံရွာ အင်းဝတောင် စစ်ကောင်စီတပ်စခန်းကို ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ နှစ်ဖက်အပြန်လှန်ပစ်ခတ်ချိန် မိနစ်သုံးဆယ်ခန့်ကြာပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဆီဘူး ဆိုသူမှာ လက်နက်ကြီး မတော်တဆဖြစ်ပြီး ရှေ့တန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ၏ ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း လောင်းလုံးပကဖကထုတ်ပြန်ထားသည်။ ယင်း ပစ်ခတ်မှုတွင် လက်နက်ကြီး အချက် ရေ နှစ်ဆယ်ကျော်ခန့် […]


