သရက်ချောင်းတွင် နေရပ်ပြန်သည့် စစ်ဘေးရှောင်များ ပြန်ထွက်ပြေးရ
Dawei Watch
June 14, 2023သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်သွားပြီဆိုသဖြင့် စစ်ဘေးရှောင်ဒေသခံများ နေအိမ်သို့ ပြန်လာကြရာ စစ်ကြောင်းရှိနေသေးခြင်း၊ ထပ်ဝင်မည်ဆိုသည့်သတင်းတို့ကြောင့် ပြန်လည် ထွက်ပြေး တိမ်းရှောင်ကြရကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်သွားပြီဆိုသဖြင့် ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ၊ ကမြိုင်၊ ဝဲရစ် စသည့်ကျေးရွာမှ စစ်ဘေးရှောင် ဒေသခံများ နေအိမ်သို့ ပြန်လာကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ ပြန်လာချိန်တွင် ရငဲရွာအပြင်ဘက်ရှိ ကျောက်တစ်လုံးစေတီဘက် တောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ ရှိနေသလို အခြားကျေးရွာများသို့လည်း စစ်ကြောင်းပြန်ဝင်လာဦးမည်ဆိုသည့် သတင်းကြားရသဖြင့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်ကြရကြောင်း ဒေသခံတို့က ပြောဆိုသည်။ ရငဲ ကျောက်တစ်လုံးစေတီဘက်တွင်ရှိသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် […]


