ရေဖြူတွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အရပ်သားလေးဦး ဒဏ်ရာရ
Dawei Watch
August 20, 2023ရေဖြူမြို့အနောက်ဘက်ကမ်းရှိ ရပ်တော်မူဘုရား လမ်းဆုံအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အရပ်သားလေးဦး ဒဏ်ရာရပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံတစ်ဦး ဩဂုတ်လ ၁၉ ရက်နေ့ ညနေ သုံးနာရီခန့်က ထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ ဒေသခံအရပ်သားလေးဦးကို ကျည်ထိမှန်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ထားဝယ်အထူးစီးပွာရေးဇုန်တည်ရှိသည့် နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဧကနိရွာသား ၁၀ ဦးကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအနက် တစ်ဦးထွက်ပြေးချိန် စစ်ကောင်တပ်က ပစ်ခတ်မှုကြောင့် ကျောင်းကြိုလာသည့် အမျိုးသမီးတစ်ဦးနှင့် ကုန်စုံဆိုင်ရောင်းနေသည့်အမျိုးသမီးတစ်ဦးနှင့် နောက်ထပ် ဒေသခံနှစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရေဖြူမြို့ပေါ်တွင် ကုန်စုံဆိုင်ရောင်းသူ မသွယ်သွယ်ဝင်းနှင့် ကျောင်းကြိုလာသည့် ကျောက်ထောင့်ရွာသူ မနန္ဒာတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း […]


