သရက်ချောင်း၊ ရငဲရွာကို စစ်ကောင်စီတပ်က မီးထပ်ရှို့
Dawei Watch
June 26, 2023သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးထပ်ရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ ရငဲကျေးရွာ အင်းဗူးပိုင်းနှင့် ရွာတောင်ပိုင်းတို့က ခန့်မှန်းနေအိမ် နှစ်ဆောင်ကို မီးရှို့နေခြင်းဖြစ်ပြီး မီးခိုလုံးကြီးများ တက်လာနေသည်ကို အဝေးက လှမ်းမြင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ခန့်မှန်းတာကတော့ အင်းဗူးပိုင်းထဲမှာတစ်ဆောင်၊ ရွာတောင်ပိုင်းက တစ်ဆောင်ဖြစ်မယ်။ မီးခိုတွေက အဲဒီဖက်ကနေ တက်လာနေတာဆိုတော့လေ” ဟု ၎င်းက ယနေ့ နံနက် ၁၁ နာရီခန့်က ပြောဆိုသည်။ စစ်ကောင်စီတပ်က ရငဲကျေးရွာထိပ်ရှိ မြွေတောင်တောင်ကုန်းပေါ်က ကားလမ်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ယနေ့နံနက် ၈ နာရီခန့်က ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ နေအိမ်မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ရငဲရွာထဲတွင်မူ သက်ကြီးရွယ်အို အနည်းငယ်ကလွဲပြီး တစ်ရွာလုံးနီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရကြကြောင်း […]


