လယ်သမားလက်ထဲ စပါးပြတ်ချိန် စပါးဈေးစတက်
Dawei Watch
July 4, 2023မိုးရာသီလယ်လုပ်ချိန် ရောက်လာပြီဖြစ်၍ လယ်သမားအများစုလက်ထဲတွင် စပါးပြတ်လပ်နေပြီဖြစ်ရာ စပါးဈေးလည်းပြန်တက်လာနေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့နှင့် စပါးအဝယ်အဒိုင်အချို့ကပြောသည်။ ဖေဖော်ဝါရီလအတွင်းက စပါးတစ်တင်းလျှင် အနိမ့်ဆုံး ၁၈၀၀၀ ကျပ်ရရှိပြီး အမြင့်ဆုံး ၂၃၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်သွားခဲ့သည်။ ယင်းနောက် မတ်လထဲတွင် စပါးဈေးပြန်ကျသွားခဲ့ပြီး တစ်တင်းလျှင် ၂၀၀၀၀ ကျပ်အောက်သို့ ရောက်သွားခဲ့သည်။ ယခုမိုးရာသီလယ်လုပ်ချိန် ဇွန်လကုန်းပိုင်းမှစပြီး စပါးဈေးပြန်မြင့်တက်လာခဲ့သည်။ လက်ရှိတွင် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ၁၉၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည်အမျိူးအစားဆိုပါက တစ်တင်း ၂၂၀၀၀ ကျပ်ဝန်းကျင်၊ ပေါ်ဆန်းအမျိုးအစားဆိုပါက ၂၆၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေကြောင်း ထားဝယ်ခရိုင်ရှိ စပါးအဝယ်တော်အချို့ကဆိုသည်။ “စပါးဈေးပြန်တက်လာတာဆို နှစ်ပတ်လောက်ဖြစ်နေပြီ။ ဟိုဘက်( တနင်္သာရီတိုင်းပြင်ပ) ကဝယ်လိုက်လာတဲ့အချိန် ဒီဘက်မှာစပါးကမရှိတော့ ဈေးတက်လာတာ” ဟု လောင်းလုံးမြို့နယ်ရှိ ဆန်းစပါးကြိတ်ခွဲရောင်းချသူတစ်ဦးကဆိုသည်။ စပါးဈေးပြန်တက်လာချိန်တွင် ဒေသတွင်းရှိလယ်သမားအများစုလက်ထဲတွင် ရောင်းချစရာ […]


