ထားဝယ်ထောင် ဝန်ထမ်းအချို့ဆီမှ မူးယစ်ဆေးဝါးများတွေ့ဟုဆို
Dawei Watch
July 12, 2023ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီ နယ်လုံဝန်ကြီးနှင့် စစ်ကောင်စီတပ်သားများ ဇူလိုင်လ ၁၁ ရက်နေ့က ဝင်ရောက်စစ်ဆေးမှုအပြီး ထောင်ဝန်ထမ်းအချို့ဆီမှ မူးယစ်ဆေးဝါးများတွေ့ရှိကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံက သိရသည်။ စစ်ကောင်စီ၏ တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းကိုယ်တိုင် ဝင်စစ်ခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ထောင်ဝန်ထမ်းတွေမှာ ကိုယ်တိုင် မူးယစ်ဆေးတွေတွေ့လို့ပြောတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများကိုယ်တိုင် မူးယစ်ဆေးဝါးရောင်းချနေတာရှိသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပြောဆိုချက်များအရ သိရသည်။ “ထောင်ထဲမှာကတော့ အဲ့လိုပဲ၊ ထောင်ထဲမှာလည်း စစ်တာရှိသလို လူကြီးတွေလာတဲ့အခါ အဖွဲ့စုံနဲ့ စစ်ဆေးတာလည်းရှိတယ်။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် မူးယစ်ဆေးရောင်းတာရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကဆိုသည်။ မနေ့နေ့လယ်ပိုင်းက ထားဝယ်အကျဉ်းထောင်အတွင်းနှင့် အပြင်တွင် စစ်ကောင်စီတပ်သားများကို အင်အားအလုံးအရင်းနှင့်တွေ့ရပြီး ကား ၇ စီးခန့်ရှိသည်ဟုလည်း မျက်မြင်တွေ့သူအချို့၏ […]


