ထားဝယ်မြို့တော်ခန်းမနှင့် ဗထူးပန်းခြံကိုဖျက်ပစ်တော့မည်လား
Dawei Watch
July 7, 2023ထားဝယ်မြို့တွင် မြို့တော်ခန်းမအသစ်တစ်ခုကို ဆောက်လုပ်လျက်ရှိသည်။ ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော်အသုံးပြုပြီး လက်ရှိ မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ဗထူးပန်းခြံနေရာတွင် ခန်းမအသစ်ကို ဆောက်လုပ်နေခြင်းဖြစ်သည်။ ဇူလိုင်လ ၇ ရက်နေ့က ခန်းမအသစ်ဆောက်မည့် ဗထူးပန်းခြံထဲတွင် စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကို ဦးဆောင်သည့်အဖွဲ့က ပန္နက်ရိုက်ခဲ့ကြသည်။ ထားဝယ်မြို့တော်ခန်းမအသစ်အား ယခုနှစ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး အချိန်နှစ်နှစ်အတွင်း ပြီးစီးရန်လျာထားကြောင်း တိုင်းလမ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။ “ပထမနှစ်မှာကတော့ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး အခြေခံဖောင်ဒေးရှင်းတွေနဲ့ တိုင်ထူတာတွေပဲ လုပ်နိုင်မယ်လို့မှန်းထားတယ်။ ကျန်တာတွေကတော့ နောက်နှစ်မှပေါ့” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။ မြို့တော်ခန်းမအသစ် ဆောက်ရသည့်အကြောင်းပြချက်မှာ လက်ရှိမြို့တော်ခန်းမ ဆောက်လုပ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ခြင်း၊ သေးငယ်နေခြင်းတို့ကြောင့်ဟု တိုင်းလမ်းဦးစီးဌာန တာဝန်ရှိသူပြောဆိုသည်။ မြို့တော်ခန်းမအသစ်ဆောက်မည်ဆိုလျှင် လက်ရှိမြို့တော်ခန်းမနှင့် ဗထူးပန်းခြံကို ဖျက်ပစ်လိုက်မည်လားဆိုသည့် မေးခွန်းပေါ်လာသည်။ လက်ရှိထားဝယ်မြို့တော်ခန်းမ ဆောက်ထားသည့်မြေနေရာသည် ဟိုတယ်ထားဝယ်သို့ ငှားရမ်းထားသည့် မြေနေရာထဲသို့ […]


