မောတောင်လမ်းတွင် စစ်အာဏာရှင်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထပ်ထိုး၊ ယနေ့တိုက်ပွဲထပ်ဖြစ်
Dawei Watch
May 8, 2026စစ်အာဏာရှင်တပ်သည် ယနေ့ ညနေပိုင်းတွင် အရပ်သားကားတစ်စီးကိုလည်း ပစ်ခတ်ခဲ့သေးကြောင်း ဆိုသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါစစ်အာဏာရှင်တပ်သည် ယနေ့ ညနေပိုင်းတွင် အရပ်သားကားတစ်စီးကိုလည်း ပစ်ခတ်ခဲ့သေးကြောင်း ဆိုသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင်
ဝန်ထမ်းများ မကြာခဏ ဖမ်းဆီးခံရလေ့ရှိပြီး တော်လှန်ရေးတပ်ဖွဲ့တို့က ခံဝန်ဖြင့် ပြန်လွှတ်လေ့ရှိသည်။
ထားဝယ်အရှေ့တောဒေသ ပျားသားချောင်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၅ ရက်တွင် ပျားသားချောင်းရွာနှင့် သမီးပေါ်သောကျေးရွာ (ဟင်းကပီရွာ) ကြားတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ မိုင်းနင်းမိပြီး အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ ၄၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး ခြေထောက်နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့က ပြောဆိုသည်။ “လူသွားလမ်းဘေးမှာပဲ ထိတာလို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မြေမြှုပ်မိုင်းကို မည်သည့်အဖွဲ့က ထောင်ထားသည်ကိုမူ အတည်မပြုနိုင်သေးပေ။ မိုင်းနင်းမိသည့်နေရာသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကော်သူးလေတပ်မတော် KTLA တို့ ပဋိပက္ခဖြစ်ပွားသည့် […]
ကမ္ဘာတစ်ဝန်းဆီက UFC ပရိသတ်တွေကတော့ ဂျိုရှူအာဗန် ဟာ ချန်ပီယံခါးပတ်ကာကွယ်ပွဲကို အနိုင်ရဖို့အတွက် နိုင်ခြေအားဖြင့် ၃၉ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တက်ဆူရို တိုင်ရာ နဲ့ ဂျိုရှူအာဗန် တို့ဟာ ဒီပွဲကို မနက်ဖြန် မေလ ၉ ရက် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် မနက်ပိုင်း) မှာ ယှဉ်ပြိုင်ကစားကြမှာပါ။ UFC 328 ပြိုင်ပွဲကြီးရဲ့ ဒု-ခေါင်ပွဲစဉ်အဖြစ် ဒီပွဲကို စီစဉ်ပေးထားပါတယ်။ အစောပိုင်းက ဒီပွဲကို ဧပြီလ ၁၁ ရက်မှာ ကျင်းပမယ့် UFC 327 ပြိုင်ပွဲကြီးရဲ့ ဒုခေါင်ပွဲ တွဲဆိုင်း အဖြစ် စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် နီးကပ်တော့မှ ဂျိုရှူအာဗန် အသေးစားဒဏ်ရာရရှိသွားခဲ့လို့ UFC က […]
လောင်းလုံးမြို့မှ စမ်းလှမ်းကျေးရွာသို့သွားသည့်လမ်းပိုင်း လတ်ခတ်တောင်တာဝါတိုင်ကုန်းတွင်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ စခန်းမှ ထွက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ မေလ ၆ ရက် နံနက်ပိုင်းတွင် လတ်ခတ်တောင်တာဝါတိုင်ကုန်းမှ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ စမ်းလှမ်းရွာသို့ ဆင်းလာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကာ MA3 အမျိုးအစား သေနတ်တစ်လက်နှင့် ကျည်ဘောက်လေးခု၊ ကျည်အတောင့် ၁၀၀ ကိုလည်း တော်လှန်ရေးဘက်က သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်း ဆင်းလာချိန် တော်လှန်ရေးတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ်ထွက်ပေါ်ခဲ့ကြောင်း စမ်းလှမ်းဒေသခံတစ်ဦးက ပြောသည်။ လောင်းလုံးမြို့ထဲရှိ စစ်အာဏာရှင်တပ်သည် မြို့အရှေ့ဖက်ခြမ်း လေးမိုင်ခန့်အကွာ ဝေဒီကျေးရွာသို့ အင်အား တစ်ရာကျော် ဖြင့် စစ်ကြောင်းထိုးနေချိန် မြို့အနောက်ဘက်ခြမ်း သုံးမိုင်ခန့်အကွာတွင်ရှိသည့် လတ်ခတ်တောင် တာဝါတိုင်စခန်းက […]
ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်တွင် မြန်မာစကားပြန်အလုပ်သမားကို ရိုက်နှက်နှိပ်စက်ပြီး ခန္ဓာကိုယ်ပေါ်ကို ရေနွေးပူဖြင့် လောင်းခဲ့သော တရုတ်နိုင်ငံသားများအနက် လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း အမှုတွင် ကူညီဆောင်ရွက် ပေးနေသော မြန်မာအလင်းအဖွဲ့ (LMA) ထံမှ သိရသည်။ ယနေ့ မေလ ၈ ရက်အထိ တရုတ်နိုင်ငံသား လေးဦးကို ဖမ်းဆီးရမိထားပြီး အမှုနှင့် ပက်သက်၍မူ အသေးစိတ် အချက်အလက်များကို ထုတ်ပြော၍ မရသေးကြောင်း အဆိုပါအဖွဲ့မှ ကိုနေလင်းသူက ပြောသည်။ “အမှုကို (မြန်မာ) သံရုံးကနေ လိုက်ပါဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် (အမှုကိစ္စကို) အတိအကျတော့ ပြောလို့ မရသေးဘူးဗျ။ စွဲထားတဲ့ အမှုတွေကတော့ အများကြီးပေါ့နော်။ လောလောဆယ် ဖမ်းထားတယ်ဆိုတာပဲ ပြောပြလို့ရမယ်ဗျ” ဟု ၎င်းက ပြောဆိုသည်။ စကားပြန် ကိုသားသားအမှုနှင့်ပတ်သက်၍ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက […]
ရပ်တန့်စစ်ဆေးခံရန် ရဲတပ်ဖွဲ့က အချက်ပြရာ ကားများသည် ဂငယ်ကွေ့ပြန်ကွေ့ပြီး လမ်းဘေးရှိ တောနှင့် လယ်တောထဲသို့ မောင်းပြေးခဲ့ကြကြောင်း ဆိုသည်။
အမြန်ရေယာဉ်ဖြင့် မြိတ်မြို့မှ ကော့သောင်းမြို့သို့ လိုက်လာသည့် ခရီးသည်များကို လမ်းကြောင်းရှင်းခအဖြစ် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းခွဲ ပေးနေရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသွားဒေသခံအချို့ထံမှ သိရသည်။ အမြန်ရေယာဉ်ဖြင့် လိုက်ပါလာပြီး ထိုင်းနိုင်ငံသို့ ဆက်သွားမည့်သူများကို ကော့သောင်းမြို့ ဘုရင့်နောင်ကုန်းအနီး ဘောတံတားရှိ စစ်အာဏာရှင်တပ် လက်အောက်ခံရဲတပ်ဖွဲ့ဝင်များက တောင်းယူနေခြင်းဖြစ်ကြောင်း ယခုတစ်ပတ်အတွင်း မြိတ်မှ ကော့သောင်းသို့သွားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ မြိတ်မြို့မှ ကော့သောင်းမြို့သို့သွားရာတွင် သူဌေးကျွန်းအရှေ့ရှိ စစ်အာဏာရှင်ရေတပ်စစ်သင်္ဘောတွင် ဝင်ရောက် စစ်ဆေး ခံရပြီးနောက် ကော့သောင်း ဘောတံတားသို့ ဆိုက်ကပ်ချိန်တွင် ခရီးသွားအားလုံး၏ မှတ်ပုံတင်တောင်းယူ စစ်ဆေး လေ့ရှိသည်။ “ထိုင်းကို ဝင်မယ့်သူဆို သူတို့က သိနေတယ်။ (ကျပ်) တစ်သိန်းခွဲပေးပဲ။ ‘ငါသိနေတယ်နော်’ ဆိုပြီး ရဲကပြောတယ်” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် […]