ထိုင်းအမျိုးသမီးကို နောက်ယောင်ခံလိုက်ခြိမ်းခြောက်သည့် မြန်မာအမျိုးသား နေရပ်ပြန်ပို့ခံရမည်
Dawei Watch
May 6, 2025ထိုင်းအမျိုးသမီးကို နောက်ယောက်ခံလိုက်ပြီး အကြိမ်ကြိမ် ခြိမ်းခြောက်နှောင့်ယှက်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦးကို ဒဏ်ငွေ ဘတ် ၁၀၀၀ ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန The Thaiger တွင် ဖော်ပြသည်။ မြန်မာအမျိုးသား၏ နောက်ယောက်ခံလိုက်နှောင့်ယှက်မှုကို ထိုင်းအမျိုးသမီးက ရဲတပ်ဖွဲ့ထံ အကြိမ်ကြိမ်တိုင်ကြားခဲ့ သော်လည်း အရေးယူခြင်းမရှိသဖြင့် Facebook အကောင့်ပေါ်တင်၍ အကူအညီတောင်းခံခဲ့ကြောင်းဆိုသည်။ အသက် ၂၈နှစ်အရွယ် လင်းအမည်ရှိ ထိုင်းအမျိုးသမီးသည် နောက်ယောင်ခံလိုက်ခံရမှုကို ဘန်ခွန်ထီယမ်ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသားက သုံးရက်ကျော်သည်အထိ လိုက်လံနှောင့်ယှက်ပြီး ခြိမ်းခြောက်နေသဖြင့် ညဘက်အိပ်မပျော်တော့ဘဲ တစ်ယောက်တည်း သွားလာရန်ပင် ကြောက်ရွံ့နေခဲ့ကြောင်း ထိုင်းအမျိုးသမီးက သတင်းတွင် ပြောဆိုထားသည်။ ရဲတပ်ဖွဲ့ထံ တိုင်ကြားရာတွင်လည်း အတွေးလွန်နေသည်ဟုသာ တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။ မြန်မာအမျိုးသားသည် Instagram မှတစ်ဆင့် အင်္ဂလိပ်ဘာသာဖြင့် စာပို့၍ […]


