ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဆက်တိုက်ဖမ်းဆီးနေပြီး မနေ့က မြန်မာ ၁၅၀ ခန့် ဖမ်းဆီးခံရ
Dawei Watch
January 30, 2025ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ဖြစ်သော တာခ့်ခရိုင်နှင့် ကန်ချနဘူရီခရိုင်များတွင် တရားမဝင် ဝင်ရောက်လာသူများကို ဆက်တိုက်ဖမ်းဆီးနေပြီး မနေ့ (ဇန်နဝါရီ ၂၉) တစ်ရက်တည်း မြန်မာ ၁၅၀ နီးပါး ဖမ်းဆီးခံရကြောင်း သိရသည်။ ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသ လှေဆိပ်အနီး တောထဲ ပုန်းနေကြသော မြန်မာ ၁၁၈ ဦးနှင့် တာခ့်ခရိုင် မဲဆောက်ဒေသ ပြောင်းဖူးကားပေါ် လိုက်လာသော မြန်မာ ၂၆ ဦး စုစုပေါင်း ၁၄၄ ဦးကို မနေ့က တစ်ရက်တည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းများအရသိရသည်။ မနေ့ နံနက် ၆ နာရီအချိန်ခန့် ထိုးဖားဖမ်းဒေသ လှေဆိပ်အနီးက တောထဲတွင် ပစ်ကပ်ကား ၅ စီးနှင့်အတူ ခရီးဆက်ရန် စောင့်နေကြသော မြန်မာနိုင်ငံသား ၁၁၈ ဦးကို နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ […]


