ထိုင်းတွင် လူသတ်မှုဖြင့် ဝရမ်းထုတ်ခံထားရသည့် မြန်မာတစ်ဦးကို ဖမ်းမိ
Dawei Watch
May 13, 2025ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အသက် ၇၀နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဝရမ်းထုတ်ထားခံရသော မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံသားကို သတ်ပြီးထွက်ပြေးမှုဖြင့် အသက် ၂၃နှစ်အရွယ် ကိုစိုင်းဟန်အား ထွန်ဘူရီတရားရုံးက မေလ ၁၀ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ကိုစိုင်းဟန်ကို ဘန်ကောက်ရဲစခန်းက ဓာတ်ပုံနှင့်တကွ ဆုငွေ ဘတ် ၂၀၀၀၀ ဖြင့် ဝရမ်းထုတ်ရှာဖွေနေပြီးနောက် သုံးရက် အကြာ မေလ ၁၂ရက် ည ၈နာရီတွင် ဘန်ကောက်မြို့ ဝတ်တနနယ်မြေ အွန်နုလမ်းထဲတွင် ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ ကိုစိုင်းဟန်သည် အခင်းဖြစ်သော မေလ ၁၀ ရက်က ဘန်ခေးနယ်မြေရှိ ၎င်း၏ ကိုယ်ဝန်သည်ဇနီးဖြစ်သူ နေထိုင် လုပ်ကိုင်နေသော ထိုင်းအလုပ်ရှင်အိမ်သို့ ရောက်ရှိလာပြီး ဇနီးဖြစ်သူနှင့် လာတွေ့ခဲ့သည်။ ဇနီးဖြစ်သူနှင့် […]


