မဟာချိုင်တွင် ထားဝယ်ဒေသခံအမျိုးသမီးတစ်ဦး တိုက်ပေါ်မှ ခုန်ချသေဆုံး
Dawei Watch
June 4, 2025ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသ၊ နေဝပ် ၄ လမ်းရှိ တိုက်ပေါ်မှ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဇွန်လ ၃ ရက် ညက ခုန်ချသေဆုံးကြောင်း မဟာချိုင်ဒေသရှိ ရွှေ့ပြောင်းမြန်မာအသိုင်းအဝိုင်းထံမှ သိရသည်။ သေဆုံးသူသည် ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်ကဖြစ်ပြီး ထိုင်းနိုင်ငံတွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည် ။ “၅ ထပ်တိုက်မှာ ၄လွှာကနေ ခုန်ချလိုက်တာ။ ခုန်ချလိုက်တာ သူ့အမေလည်း မြင်တယ်။ ချက်ချင်းဆိုတော့ ဆွဲမမီတော့ဘူး။ သူ့အမေလည်း ဆင်းပြေးပြီး အကူအညီတောင်းသေးတယ်။ ၄ လွှာကနေ ပြုတ်ကျတော့ အသက်မမီတော့တာပါ” ဟု ဖြစ်စဥ်အနီးရှိခဲ့သည့် ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောဆိုသည်။ တိုက်ပေါ်မှပြုတ်ကျသဖြင့် ဘယ်ဘက်ခြေထောက်ကျိုးသွားပြီး အပြင်းအထန်ဒဏ်ရာရခဲ့ကာ ပြုတ်ကျပြီး မိနစ်ပိုင်း အကြာတွင် […]


