ထိုင်းများသာ လုပ်ခွင့်ရှိသည့်အလုပ်ကို ဝင်လုပ်သည့် နိုင်ငံခြားသားများ နေရပ်ပြန်ပို့မည်ဟု ထပ်သတိပေး
Dawei Watch
June 16, 2025မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားအလုပ်သမားများက ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင်ခြင်း၊ အွန်လိုင်း ဈေးရောင်းခြင်းကဲ့သို့ တားမြစ်အလုပ်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိပါက နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ထပ်မံ သတိပေးထားသည်။ နိုင်ငံခြားသားအလုပ်သမားများသည် ထိုင်းနိုင်ငံထဲသို့ အလည်ဗီဇာဖြင့် ဝင်ရောက်လာပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော အွန်လိုင်းဈေးရောင်းခြင်းအလုပ်ကို လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Phumipat Mueanchan ကပြောသည်။ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိပဲ အွန်လိုင်းမှတစ်ဆင့် Live လွှင့် ဈေးရောင်းနေသည်ကို စစ်ဆေးတွေ့ရှိပါက တရားမဝင် အလုပ်လုပ်ကိုင်မှု သို့မဟုတ် နိုင်ငံခြားသားများကို တားမြစ်ထားသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။ အကယ်၍ စစ်ဆေးတွေ့ရှိပါက ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ […]


