ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတောင်ပိုင်း ကော့ဖငန်းကျွန်းက မြန်မာပစ္စည်းအရောင်းဆိုင် ဝင်ဖမ်းခံရ

Dawei Watch

February 20, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းပေါ်တွင် မြန်မာပစ္စည်းများရောင်းချနေသော ကုန်စုံဆိုင်ကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးပြီး ထိုင်းဆိုင်ပိုင်ရှင်နှင့် မြန်မာနိုင်ငံသားနှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာပစ္စည်းများကို တရားမဝင် ရောင်းချနေပြီး ကျွန်းပေါ်ရှိ မြန်မာနိုင်ငံသားများလည်း ဝယ်ယူသုံးစွဲနေကြကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်ဟု ဆိုသည်။ ဆိုင်ထဲတွင် အသက် ၅၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဈေးရောင်းနေသည်ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထို့အပြင် ၎င်း၏ အလုပ်ရှင်အချက်အလက်ကိုလည်း အလုပ်သမားရုံးထံ အကြောင်းကြားရန် ပျက်ကွက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ အသက် ၆၁ နှစ်အရွယ် ဆိုင်ပိုင်ရှင်ကိုလည်း မြန်မာပစ္စည်းများ တရားမဝင် ရောင်းချမှု၊ အလုပ်သမားကို သတင်းပို့ရန် ပျက်ကွက်မှု၊ အလုပ်သမားကို လုပ်ပိုင်ခွင့်မရှိသော အလုပ်တွင် လုပ်ကိုင်စေမှုဖြင့် အရေးယူထားကြောင်း […]

စစ်မှုထမ်းရှောင်လာသူ အများစုအပါအဝင် မြန်မာ ၁၆၀ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

Dawei Watch

February 19, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် နှစ်ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသဖြင့် မြန်မာ ၁၆၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကန်ချနဘူရီခရိုင်ထဲရှိ စန်ခရာဘူရီနှင့် ထိုးဖားဖမ်းဒေသများတွင် မြန်မာနိုင်ငံ သားများ တရားမဝင် ဝင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၈ ရက်က စန်ခရာဘူရီဒေသ နော့လူရွာရှိ ရေလယ်ကျွန်းပေါ်တွင် ပုန်းနေသော မြန်မာနိုင်ငံသား ၁၁၆ ဦးနှင့် လမ်းပြ နှစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၄၄ ဦးပါဝင်ပြီး အများစုသည် အသက် ၁၉ နှစ်မှ ၃၅ နှစ်အရွယ်များ ဖြစ်ကြသည်။ ထုတ်ပြန်ထားသော ဓါတ်ပုံများအရ […]

မြန်မာလုပ်သားတစ်ရာကျော် ခိုလှုံနေသည့် AAC ရုံးကို ထိုင်းအာဏာပိုင်များပိတ်ခိုင်း

Dawei Watch

February 18, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများခိုလှုံနေသည့် AAC မဟာမိတ်အဖွဲ့၏ ရုံးကို ပိတ်သိမ်းရန် ထိုင်းအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်တွင် လာရောက် ပြောဆိုကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ AAC မဟာမိတ်ရုံးသည် ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ရုံးကို ပိတ်ပေးရန်နှင့် စာရွက်စာတမ်း ရှိသော အလုပ်သမားများကိုသာ ကူညီစောင့်ရှောက်ပေးရန် ထိုင်းဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက လာရောက်စစ်ဆေး ညွှန်ကြား ခဲ့ကြောင်း ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ “ရုံးမှာ အခက်အခဲရှိတဲ့သူတွေကို ကူညီနေတာကိုလည်း တရားဝင်လက်မှတ်တွေရှိမှပဲ ကူညီဖို့ သူတို့က လာပြီးတားမြစ်တာ ပေါ့။ ရုံးကိုလည်း ဖျက်သိမ်းပေးဖို့လာပြီးတော့ ဒုတိယအဆင့်ရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာတားတာပေါ့။ တရားဝင်မှတ်ပုံတင်ဖို့က ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေဖြစ်နေတော့ လုပ်ရကိုင်ရခက်တာပေါ့” […]

ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားများ ခရီးသွားလာခွင့်ကန့်သတ်ခံရ

Dawei Watch

February 17, 2025

အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းကုန်နေသော မြန်မာအလုပ်သမားများကို ထိုင်းအစိုးရက နေထိုင်ခွင့်သက်တမ်း ခြောက်လ တိုးမြှင့်ပေးသော်လည်း ခရိုင်ကျော် ခရီးသွားလာခွင့်ကိုမူ ကန့်သတ်ထားကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ပန်းရောင်ဘတ်ပြုလုပ်ထားသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးထားသော မြန်မာအလုပ်သမား စုစုပေါင်း နှစ်သန်းကျော်သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် အလုပ်လုပ်ခွင့် (Work Permit) ဗီဇာသက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည်။ အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းကုန်ဆုံးသွားသည်နှင့်အတူ နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) တွင် ထည့်သွင်းထားသော နေထိုင်ခွင့် ဗီဇာပါ တစ်ပါတည်း ကုန်ဆုံးသွားခြင်းဖြစ်သည်။ အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းကုန်ဆုံးနေသော ရွှေ့ပြောင်းအလုပ်သမားများကို MoU စနစ်ဖြင့် သက်တမ်းတိုးပေးမည်ဟု ထိုင်းအစိုးရက ပြီးခဲ့သောနှစ် စက်တင်ဘာလကတည်းက ကြေညာခဲ့သည်။ […]

ထိုင်းတောင်ပိုင်းတွင် ထားဝယ်ဒေသခံသားအမိ ယာဉ်မတော်တဆမှုကြောင့် သေဆုံး

Dawei Watch

February 14, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ၊ဖန်ငခရိုင်၊ ကတွန်ဒေသ၌ ယနေ့ (ဖေဖော်ဝါရီလ ၁၄) ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ထားဝယ်ဒေသခံ သားအမိနှစ်ဦးသေဆုံးခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ မိခင်ဖြစ်သူကိုဆိုင်ကယ်ဖြင့် ဆေးခန်းလိုက်ပို့ရာမှ ကားနှင့်တိုက်မိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာအသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဒေါ်ကျင်ရွှေနှင့် သားဖြစ်သူမောင်သန့်ဇင်ဦးတို့ ဖြစ်ကြောင်းသိရသည်။ “ထိုင်းရဲက သူ့အမေ ဗီဇာကိုလိုင်းပေါ်တင်လို့ သိရတာ”ဟု ၎င်းနီးစပ်သူကပြောသည်။ ယာဉ်တိုက်မှုကြောင့် သားဖြစ်သူ မောင်သန့်ဇင်ဦးမှာ အခင်းဖြစ်ပွားရာတွင်ပင် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာဆေးရုံ အရောက်၌သေဆုံးခဲ့ကြောင်းသိရသည်။ “သေဆုံးသူက ထိုင်းမှာမွေးထိုင်းမှာကြီးတယ်။ ဆွံအနားမကြားကျောင်းမှာ တက်နေတာပေါ့နော်။ ဗမာပြည်လာရင် အလည်လောက်ပဲ ခဏလာတာ” ဟုအထက်ပါနီးစပ်သူကပြောသည်။ လက်ရှိ သေဆုံးသူသားအမိ၏ ရုပ်အလောင်းကို ၎င်းတို့နေထိုင်ရာမြို့ရှိ ဆေးရုံတွင်ထားရှိကြောင်း သိရသည်။ ဒေါ်ကျင်ရွေ သေဆုံးချိန်တွင် ခင်ပွန်းဖြစ်သူ ဦးဖိုးရင်သားနှင့် သမီးအပါအဝင် မြေးသုံးယောက်ကျန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ထားဝယ်မြို့နယ် […]

ထိုင်းတွင် ဗီဇာသက်တမ်းကုန်သည့် မြန်မာများ၏ True Money အကောင့် ယာယီအပိတ်ခံရမည်

Dawei Watch

February 12, 2025

ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီလ ၁၃ရက်တွင် နေထိုင်ခွင့်ဗီဇာသက်တမ်းကုန်ဆုံးမည့် မြန်မာများ၏ True Money အကောင့် များကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း True Money ၏ ဝန်ထမ်းတစ်ဦးက ပြောသည်။ ၂၀၂၂နှင့် ၂၀၂၃ ခုနှစ်တွင် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ဘတ်ဟုခေါ်သည့် ယာယီနေထိုင် အလုပ်လုပ်ခွင့်ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ၏ ဗီဇာသက်တမ်းမှာ မနက်ဖြန် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ အဆိုပါမြန်မာနိုင်ငံသားများကို ထိုင်းအစိုးရက အချိန်မီ ဗီဇာမတိုးပေးဘဲ နေထိုင်ခွင့် ၆ လ သက်တမ်းသာ ထပ်တိုး ပေးထား သည်။ နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ရာ အချိန် မလုံလောက် သဖြင့် ဗီဇာ အချိန်မီ သက်တမ်းတိုး မပေးနိုင်သေးကြောင်း […]

ပွဲစားများက တောထဲတွင်ထားခဲ့သည့် မြန်မာ ၆၀ ဦးကို ထိုင်းရဲဖမ်းဆီး

Dawei Watch

February 12, 2025

ထိုင်းနိုင်ငံ ဖတ်ချဘွန်ခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာစဉ် လမ်းခရီး၌ စွန့်ပစ်ခံထားရသော မြန်မာနိုင်ငံသား ၆၀ ဦးကို ဖေဖော်ဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖတ်ချဘွန်ခရိုင် ရင်စီဒေသတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညက မြန်မာနိုင်ငံသားနှစ်ဦး အစားအသောက်များ လိုက်လံတောင်းနေသည်ဟု သတင်းပေးလာသဖြင့် နယ်မြေအုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ သွားရောက်စစ်ဆေးစဉ် တောထဲတွင် အစာရေစာငတ်ပြတ်နေသော မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အသက် ၁၈ နှစ်အောက် လူငယ် ၃၅ ဦး စုစုပေါင်း ၅၇ ဦးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် ရိုဟင်ဂျာများလည်း ပါဝင်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ […]

ထိုင်းတွင် ဘဏ်အကောင့်နှင့် Mobile Banking သုံးသော ဖုန်းဆင်းကတ်အမည် မတူလျှင် အသုံးပြုခွင့် ဆိုင်းငံ့ခံရမည်

Dawei Watch

February 11, 2025

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပါအဝင် Mobile Banking သုံးစွဲသူများသည် အမည်ပေါက်ဖုန်းနံပါတ်ဖြင့်သာ သုံးစွဲရမည်ဖြစ်ပြီး ဖုန်းဆင်းကတ် မှတ်ပုံတင်ထားသည့် အမည်နှင့် ဘဏ်အကောင့်အမည် မတူညီလျှင် သတ်မှတ်ရက်အတွင်း အချက်အလက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အကယ်၍ မှတ်ပုံတင်ထားသော အမည်ပေါက်ဖုန်းနံပါတ်နှင့် ဘဏ်အကောင့်အမည်များ တူညီရန် မပြင်ဆင်ပါက ယာယီဆိုင်းငံ့ခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။ အွန်လိုင်းငွေကြေးလိမ်လည်မှုများကို ထိန်းချုပ်နိုင်ရန် မိုဘိုင်းဖုန်းများကို စစ်ဆေးပြီးနောက် ဒစ်ဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ထိုင်းဘဏ်အသီးသီးက သုံးစွဲသူများထံ အမည်ပေါက်ဖုန်းနံပါတ်များဖြင့်သာ သုံးစွဲကြရန် အသိပေးနေခြင်းဖြစ်သည်။ အမည်ပေါက်ဖုန်းနံပါတ်ဆိုသည်မှာ ဥပမာအားဖြင့် 7-Eleven တွင် ဆင်းကတ်ဝယ်စဉ် မှတ်ပုံတင်ပေးထားသော မိမိ၏နိုင်ငံကူးလက်မှတ် သို့မဟုတ် ပန်းရောင်ကတ်ပါ အမည်ပေါက်အတိုင်းကို ဆိုလိုခြင်းဖြစ်သည်။ ယင်းအမည်ပေါက်ဆင်းကတ်ဖြင့် ဘဏ်အကောင့် ဖွင့်ထားပြီး ဘဏ်အကောင့်ထဲက အမည်နှင့် တူညီလျှင် […]