ထိုင်းတွင် မြန်မာလုပ်သား ၄၀ကျော် လုပ်အားခမရဘဲ အလုပ်ထုတ်ခံရ
Dawei Watch
July 20, 2023ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရှိ စက်ရုံတစ်ရုံတွင် တရားဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၄၄ ဦးသည် စာအုပ်စာတမ်း သိမ်းဆည်းခံထားရသည့်အပြင် လုပ်အားခလည်း မရဘဲ အလုပ်ထုတ်ခံရကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ကျောက်ပြားစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် လုပ်အားခ အပြည့်အဝ မရရှိသဖြင့် ပြန်လည်တောင်းခံရာမှ ဇူလိုင်လ ၁၇ ရက်နေ့တွင် အလုပ်ထုတ်ခံလိုက်ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “လုပ်ငန်းမှာ ပိုက်ဆံမရှင်းပေးရာကနေ စဖြစ်တာ။ ပိုက်ဆံမရှင်းပေးလို့ ကလေးတွေက မငြိမ်မသက်ဖြစ်တော့ အလုပ်ထုတ်တယ်ပေါ့။ ဘာကြောင့် အလုပ်ထုတ်တာလဲမေးတော့ အလုပ်ရှားလို့ အလုပ်မရှိတော့လို့ ဆိုပြီး အကြောင်းပြတယ်” ဟု AAC-မဟာမိတ်အဖွဲ့က ကိုနေလင်းသူက ပြောသည်။ နံနက် ၇ နာရီမှ ည ၇ နာရီအထိ အလုပ်ဆင်းနေရသော မြန်မာအလုပ်သမားများသည် တရားဝင်သတ်မှတ်ထားသည့် […]


