ထိုင်း ကန်ချနဘူရီ မြန်မာလုပ်သား ၄၂ ဦး ဖမ်းဆီးခံရ
diz_admin
April 28, 2023ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၂ ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ ဗုဒ္ဓဂါယာစေတီအနီးတွင် မြန်မာအလုပ်သမားများ ရှိနေကြောင်း သတင်းပေးတိုင်ကြားချက်ကြောင့် ထိုင်းအာဏာပိုင်များက ဧပြီလ ၂၆ရက် ည ၁၀ နာရီခွဲခန့်တွင် သွားရောက်စစ်ဆေးဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ စေတီအနောက်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၄၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ အားလုံးသည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်ဒေသများက လာရောက်ကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ စမွတ်စခွန်၊ ရယွန်၊ ကန်ချနဘူရီနှင့် ဘန်ကောက်မြို့တို့တွင် အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ကြကြောင်း ရေးသားထားသည်။ ထိုခရီစဉ်အတွက် တစ်ဦးလျှင် ဘတ်ငွေ […]


