ဘန်ကောက်တွင် တိုက်ခန်းထဲ မြန်မာလုပ်သားတစ်ဦး ကိုဗစ်ရောဂါဖြင့်သေဆုံး
diz_admin
April 18, 2023ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တိုက်ခန်းအတွင်း ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသော မြန်မာအလုပ်သမား၏ ရုပ်အလောင်းတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၃၄ နှစ်အရွယ် မြန်မာအလုပ်သမားသည် ငါးထပ်အဆောက်အအုံရှိ ငှားထားသော တိုက်ခန်းအတွင်း သေဆုံးနေသည်ကို ဧပြီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ အလောင်းတွင် ပြင်ပဒဏ်ရာများ မတွေ့ရှိရသလို အခန်းအတွင်းတွင်လည်း ခိုက်ရန်ဖြစ်ပွားထားခြင်း၊ ပစ္စည်းများကို ရှာဖွေထားသည့် ပုံစံများလည်း မတွေ့ရှိရကြောင်း သတင်းများတွင် ရေးသားထားသည်။ နှာခေါင်းတို့ဖတ်ကို ATK Test Kit ဖြင့် စစ်ဆေးရာတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း ဖော်ပြသည်။ အဆောက်အအုံတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သေဆုံးသူ မြန်မာအလုပ်သမားသည် နေ့စဉ် အလုပ်သွား အလုပ်ပြန်လုပ်နေကာ ယခုအချိန် […]


