မြန်မာလုပ်သားများထံမှ ငွေလိမ်သည်ဆိုကာ မြန်မာပွဲစားကို ထိုင်းတွင် အမှုဖွင့်
Dawei Watch
August 4, 2023မြန်မာအလုပ်သမားငါးဦးထံမှ ဘတ်ငွေ ကိုးသောင်းကျော် လိမ်လည်သွားသည်ဟုဆိုကာ မြန်မာပွဲစားတစ်ဦးကို ထိုင်းနိုင်ငံ လယောင်မြို့ရဲစခန်းတွင် ယနေ့ ဩဂုတ်လ ၄ရက်နေ့တွင် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံတွင် တရားဝင်လာရောက်လုပ်ကိုင်ခွင့်ရရှိစေရန် မြန်မာနိုင်ငံရှိ အလုပ်အကိုင်အေဂျင်စီနှင့် ချိတ်ဆက်ဆောင်ရွက် ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ ပွဲစားက ငွေကြေးကြိုတင်ကောက်ခံထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထိုင်းနိုင်ငံသို့လာမည့် လမ်းစရိတ်၊ အလုပ်လျှောက်ကြေး စုစုပေါင်း ဘတ် ကိုးသောင်းကျော်ကို ထိုင်းတွင်ရှိသည့် အလုပ်သမားများ၏ ဆွေမျိုးတော်စပ်သူတို့က ငွေပေးချေလိုက်ပြီးနောက် ပွဲစားက အဆက်အသွယ်ဖြတ်သွားကြောင်း WAG အဖွဲ့မှ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။ မြန်မာပွဲစားမှာ အသက် ၄၂နှစ်အရွယ် ကိုလွင်မိုး (ခေါ်) ကိုစိုးမိုး အမည်ရှိသူ ဖြစ်ကြောင်း ၎င်းက […]


