အမည်စာရင်းတင်ထားသော ရွှေ့ပြောင်းလုပ်သားများ နောက်လကုန်အထိ နေထိုင်ခွင့်ပြု
Dawei Watch
August 10, 2023အမည်စာရင်း (Name List) တင်သွင်းထားသော ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအပါအဝင် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို လာမည့် စက်တင်ဘာလကုန်အထိ နေထိုင်လုပ်ကိုင်ခွင့်ကို သက်တမ်းတိုးပေးကြောင်း အစိုးရအဖွဲ့က အတည်ပြုကြေညာခဲ့သည်။ သက်တမ်းတိုးအစီအစဉ်ကို အလုပ်သမားဝန်ကြီးဌာနက ကနဦးတင်သွင်းထားခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစိုးရအစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ တရားမဝင် အလုပ်သမားအုပ်စု သုံးအုပ်စုကို ဇူလိုင်လ ၃၁ ရက်နေ့အထိ ယာယီနေထိုင်လုပ်ကိုင်ခွင့်ရရှိရန် အလုပ်ရှင်ကတစ်ဆင့် အလုပ်သမားစာရင်းကို တင်သွင်းခွင့်ပေးခဲ့သည်။ အုပ်စုသုံးစုတွင် အလုပ်သစ် ရှာမရရှိသေးသူများ သို့မဟုတ် သက်တမ်းတိုးရန် မမှီလိုက်သူများ၊ ဗီဇာသက်တမ်းကျော်လွန်နေသူများ (overstay) နှင့် တရားမဝင် ဝင်ရောက်လာသူများ စသောအလုပ်သမားများ အကျုံးဝင်ခဲ့ပြီး ဇူလိုင်လ ၁၅ […]


