ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံး
Dawei Watch
July 27, 2023ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် မြန်မာအလုပ်သမားတစ်ဦးသည် ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ပထုံဌာနီမြို့ ဘန့်ကချဲဒေသရှိ ရေမြောင်းဘေးတွင် ရေမြောင်း ရေအဆင့်ကို တိုင်းတာသော ကေဗယ်မီးကြိုး လက်တွင်ထိကာ ဓာတ်လိုက်သေဆုံးနေကြောင်း ရေးသားထားသည်။ သေဆုံးသူသည် အသက် ၃၀ နှစ်အရွယ် ကိုချမ်းမွန်အမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ရေမြောင်းနှင့် မနီးမဝေးတွင် နေထိုင်ကာ ပန်းရံလုပ်ကိုင်နေသူဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူ၏ အိတ်ထဲတွင် လက်နှိပ်ဓါတ်မီး၊ မီးကြိုးဖြတ် ပလာယာ တို့ကို တွေ့ရှိရကြောင်း ဆိုသည်။ မြန်မာအလုပ်သမားသည် ရေအဆင့်ကို တိုင်းတာသော ကေဗယ်မီးကြိုးကို ဖြတ်တောက်ကာ လျှပ်စစ်ရယူပြီး ရှော့ခ်တိုက် ငါးဖမ်းရာမှ ဓာတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း မှုခင်းဆရာဝန်နှင့် ထိုင်းအာဏာပိုင်တို့က ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားသည် အဆိုပါရေမြောင်းတွင် […]


