အယုဒ္ဓယတွင် တရားမဝင် ဝင်လာသော ရိုဟင်ဂျာ ၂၁ဦး ဖမ်းဆီးခံရ
Dawei Watch
September 4, 2023ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာ ၂၁ ဦးကို စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက အယုဒ္ဓယခရိုင် အမြန်လမ်းပေါ်တွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အယုဒ္ဓယခရိုင် ဝမ်နွဲ့ဒေသရှိ အမြန်လမ်းမပေါ်တွင် တရားမဝင် အလုပ်သမားများကို ကားဖြင့် တင်ဆောင်လာသည့် သတင်းရ ည ၈ နာရီခန့်တွင် ကားကို ရပ်တန့်စစ်ဆေးရန်အချက်ပြရာ မောင်းထွက်ပြေးသွားကြောင်း ဖော်ပြသည်။ အမြန်လမ်းရဲတပ်ဖွဲ့က နောက်က လိုက်၍ တားဆီးခဲ့ရာ ၅ ကီလိုမီတာခန့်အကွာတွင် ရပ်တန့်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုသည်။ အသက် ၂၅ နှစ်အရွယ် ထိုင်းကားသမားသည် ကားထဲက ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဖမ်းဆီးရမိခဲ့ပြီး ကားထဲတွင် ရိုဟင်ဂျာ ၂၁ ဦးကို တွေ့ရှိခဲ့ရကြောင်း ရေးသားထားသည်။ ရိုဟင်ဂျာများတွင် စာရွက်စာတမ်းနှင့် အထောက်အထားများ […]


