ထိုင်းတွင် ကံပေါက်သူတစ်ဦး ပယောဂဝင်ပူးသည်ဟုဆိုကာ ရိုက်နှက်ခံရမှုကြောင့် သေဆုံး
Dawei Watch
July 28, 2023ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ခရိုင်တွင် ပယောဂဝင်ပူးသည်ဟုဆိုကာ ရွှေရင်ကျော်ဆရာဆိုသူက ရိုက်နှက်ကုသမှုကြောင့် ကံပေါက်ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဘန်စဖန်ဒေသတွင် ကံပေါက်ဒေသခံအမျိုးသမီးကို ရွှေရင်ကျော်ဆရာဆိုသူက သုံးရက်တိုင်တိုင် ရိုက်နှက်ကုသခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၅၉ နှစ်အရွယ် ဒေါ်နှင်းနွယ်ဖြစ်ပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသခံဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အဆိုပါအမျိုးသမီးသည် ကယောင်ကတမ်းပြောနေသဖြင့် သားသမီးများက ရွှေရင်ကျော်ဆရာဆိုသူနှင့်ပြသခြင်းဖြစ်ပြီး သားသမီးများ၏ ခွင့်ပြုချက်ဖြင့် ရိုက်နှက်ကုသစဉ် သေဆုံးခြင်းဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။ “ရွှေရင်ကျော်ဆရာက ဒါပယောဂပဲ။ လက်တွေ့ရိုက်မှရတာ။ သားသမီးတွေ ကျေနပ်မှုရှိလားပေါ့။ သားသမီးတွေကလည်း ရှိတယ်။ ပျောက်ရင်ရပြီပေါ့။ အဲဒါမှ မိသားစုကို အပြင်မောင်းထုတ်ပြီး ရိုက်တာ။ […]


