ဖူးခက်တွင် မြန်မာလုပ်သားတစ်ဦးကို စိတ်ကြွဆေးပြား ၁၀၀၀ ကျော်နှင့်အတူဖမ်းမိ
Dawei Watch
October 6, 2023ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မြောက်ပိုင်း ထာလန်ဒေသတွင် မြန်မာအလုပ်သမားတစ်ဦးကို စိတ်ကြွ မူးယစ်ဆေးပြား ၁၀၀၀ ကျော်နှင့်အတူ အောက်တိုဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမား ကိုဟံမော်အမည်ရှိသူသည် အလုပ်သမားတန်းလျားတွင် နေထိုင်သူဖြစ်ပြီး သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ တိုင်ကြားချက်ရရှိပြီးနောက် အရာရှိတစ်ဦးက ကနဦးကွင်းဆင်းစုံစမ်းခဲ့ရာ မြန်မာအလုပ်သမားသည် ဆေးပြားများကို လှို့ဝှက်ရောင်းချနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးစဉ်တွင် WY မူးယစ်ဆေးဝါးများကို ပလစ်စတစ်အိတ်အတွင်း ၂၅ လုံး၊ ၁၀ လုံး၊ ၅ လုံး၊ ၃ လုံး အသီးသီးထုပ်ပိုးထားပြီး အထုပ်ရေ ၅၀ ကျော်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ စိတ်ကြွဆေးပြားများကို ကတ်ထူပြားပုံး၊ အနီရောင်သံပုံးနှင့် အခန်းတွင်းရှိ ပစ္စည်းများထဲတွင် သိမ်းဆည်းရမိခဲ့ကြောင်း […]


