မဟာချိုင်တွင် ပွဲစားတစ်ဦးက မြန်မာလုပ်သားများထံမှ ဘတ် ၁ သန်းကျော် လိမ်လည်
Dawei Watch
November 28, 2023ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ နာမည်ကြီး အကျိုးဆောင်အေဂျင်စီတစ်ခု၏ မြန်မာပွဲစားတစ်ဦးက မြန်မာအလုပ်သမားများထံမှ ဘတ် ၁ သန်းကျော်ကို လိမ်လည်ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြောင်း Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။ မဟာချိုင် ဝေလ ၁၀ လမ်းရှိ import system group အေဂျင်စီတွင် လုပ်ကိုင်နေသော မြန်မာပွဲစားတစ်ဦးက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရိုက်ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၈၂၀၀ မှ ၁၄၀၀၀ အထိ ကောက်ခံပြီး အဆိုပါငွေများကို ယူ၍ ထွက်ပြေးသွားကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ယင်းအေဂျင်စီသည် မြန်မာအလုပ်သမားများအား ဗီဇာ၊ work permit၊ သံရုံးထောက်ခံစာ၊ သူဌေးပြောင်း စသည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာကိစ္စများကို တရားဝင် ဆောင်ရွက်ပေးနေသော အေဂျင်စီဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ယခုလိမ်သွားသူသည် အေဂျင်စီတွင်လုပ်ကိုင်နေသော ကိုရဲအမည်ရှိ […]


