ထိုင်းတွင် ကားတိမ်းမှောက်ပြီး ရိုဟင်ဂျာ ၁၈ဦး ဒဏ်ရာအပြင်းအထန်ရ
Dawei Watch
November 2, 2023ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာများ စီးလာသောကား တိမ်းမှောက်ပြီး ၁၈ ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ချွန်ဖော်ခရိုင် ပထီးဝူဒေသ စစ်ဆေးရေးဂိတ်အလွန် လမ်းဘေးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ကားပေါ်တွင် အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာ ဆယ်ကျော်သက်များအပါအဝင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး ၁၀ဦး လိုက်ပါလာကြောင်း ဖော်ပြသည်။ ဒဏ်ရာရသူများကို ရှေးဦးကုသပေးပြီးနောက် အုပ်စုခွဲ၍ အနီးရှိ ဆေးရုံ ၄ ရုံသို့ ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများက ဆိုသည်။ အသက် ၂၀ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားသမားသည် မြန်မာအလုပ်သမားများကို ရတ်ခ်ျဘူရီခရိုင်မှတစ်ဆင့် […]


