ပတ္တရားတွင် မြန်မာပစ္စည်းအရောင်းဆိုင်အချို့ကို ရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်
Dawei Watch
August 29, 2023ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားမြို့ပေါ်ရှိ မြန်မာပစ္စည်းများ ရောင်းချနေသော စတိုးဆိုင်အချို့ကို ထိုင်းရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၂၇ ရက်နေ့တွင် ထိုင်းရဲဝတ်စုံဝတ်ထားသူများက မြန်မာပစ္စည်းများ ရောင်းချမှုသည် တရားမဝင်ကြောင်းပြောကြား၍ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်ခဲ့သဖြင့် ပတ္တရားရဲစခန်းသို့ ထိုင်းဆိုင်ပိုင်ရှင်များက လာရောက်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုင်းရဲဟန်ဆောင်ထားသော အမျိုးသားများသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ထိုင်းဘာသာဖြင့် ရေးသားထားခြင်းမရှိသော မြန်မာပစ္စည်းများသည် FDA ခွင့်ပြုချက်မရှိသဖြင့် ရောင်းချခွင့်မရှိဘဲ သိမ်းဆည်းမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုင်ရှင်၏ ပြောကြားချက်ကို ဖော်ပြထားသည်။ အကယ်၍ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက ဘတ် ၂ သိန်းမှ ၃ သိန်းအထိ ဒဏ်ငွေပေးဆောင်ရန် အရေးယူခံရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြထားသည်။ ဆိုင်ရှင်က ကြောက်လန့်ပြီး ရဲဟန်ဆောင်ထားသူများကို ဘတ် ၂၀၀၀၀ […]


