ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

Podcast| ပြည်သူများအတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်

Dawei Watch

August 23, 2023

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အထွေထွေအကျပ်အတည်းများကြောင့် ပြည်သူအများမှာ အခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့နေကြရသည်။ စား၊ဝတ်၊နေရေး အခက်အခဲများအပြင် မလုံခြုံမှုများကိုလည်း ပြည်သူများမှာနေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် ပဋိပက္ခဒေသများတွင် နေထိုင်နေရသော ပြည်သူများမှာ ပိုမိုဆိုးရွားခက်ခဲသော အခြေအနေများကို ရင်ဆိုင်နေရသည်။ လက်နက်ကိုင် အဖွဲ့များအနေဖြင့် ပြည်သူများကို ထိတွေ့ဆက်ဆံရာတွင် လေးစားလိုက်နာရမည့် ကျင့်ဝတ်များကို သိရှိလိုက်နာမည်ဆိုပါက ပြည်သူများအတွက် များစွာအထောက်အကူ ရှိမည်ဖြစ်ပြီး ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုလည်း ပိုမိုရရှိလာမည်ဖြစ်သည်။ ယင်းကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည့် စစ်သည်တော် ကျင့်ဝတ်များထဲမှ ပြည်သူများနှင့် ထိတွေ့ရာတွင် လိုက်နာရမည့် ကျင့်ဝတ်များကို ဖော်ပြလိုက်ပါသည်။

ပြည်သူများအတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်

Dawei Watch

August 22, 2023

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အထွေထွေအကျပ်အတည်းများကြောင့် ပြည်သူအများမှာ အခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့နေကြရသည်။ စား၊ဝတ်၊နေရေး အခက်အခဲများအပြင် မလုံခြုံမှုများကိုလည်း ပြည်သူများမှာနေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် ပဋိပက္ခဒေသများတွင် နေထိုင်နေရသော ပြည်သူများမှာ ပိုမိုဆိုးရွားခက်ခဲသော အခြေအနေများကို ရင်ဆိုင်နေရသည်။ လက်နက်ကိုင် အဖွဲ့များအနေဖြင့် ပြည်သူများကို ထိတွေ့ဆက်ဆံရာတွင် လေးစားလိုက်နာရမည့် ကျင့်ဝတ်များကို သိရှိလိုက်နာမည်ဆိုပါက ပြည်သူများအတွက် များစွာအထောက်အကူ ရှိမည်ဖြစ်ပြီး ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုလည်း ပိုမိုရရှိလာမည်ဖြစ်သည်။ ယင်းကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည့် စစ်သည်တော် ကျင့်ဝတ်များထဲမှ ပြည်သူများနှင့် ထိတွေ့ရာတွင် လိုက်နာရမည့် ကျင့်ဝတ်များကို ဖော်ပြလိုက်ပါသည်။

ဘန်ကောက်တွင် ဆိုင်ကယ်စီးလာသော မြန်မာနှစ်ဦး မြေအောက်လျှပ်စစ်ပိုက်လိုင်းထဲပြုတ်ကျ

Dawei Watch

August 21, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆိုင်ကယ်စီးလာသော မြန်မာနိုင်ငံသားနှစ်ဦးသည် လမ်းဘေးမြေအောက် လျှပ်စစ်သွယ်တန်းရေးပိုက်လိုင်းထဲ ပြုတ်ကျပြီး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချာတူးချတ်နယ်မြေ လတ်ဖလောင်းလမ်းမပေါ်၌ ဩဂုတ်လ ၁၉ရက် နံနက် ၁နာရီကျော်တွင် မြေအောက်လျှပ်စစ်ကေဘယ်လ် စစ်ဆေးပြုပြင်နေကြောင်း ရေးသားထားသည်။ ယင်းသို့ ပြုပြင်နေချိန် မြန်မာနှစ်ဦးစီးလာသည့် ဆိုင်ကယ်သည် ရတ်ချဒါဖီးဆက်လမ်းမကြီးမှ လတ်ဖလောင်းလမ်းမကြီးသို့ အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ အတားအဆီးများကို ဝင်တိုက်ကာ ပိုက်လိုင်းအတွင်း ပြုတ်ကျသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြေအောက်လျှပ်စစ်ပိုက်လိုင်းသည် အမြင့်ပေ ၁၅ မီတာခန့်ရှိပြီး ယင်းပိုက်လိုင်းမှာ ထိုင်းနိုင်ငံတွင် နာမည်ကြီးနေသော ခရူးကိုင်ကဲဝိုရုပ်ထုအနီးတွင် ရှိကြောင်း ဖော်ပြထားသည်။ ကယ်ဆယ်ရေးအဖွဲ့များက မြန်မာနိုင်ငံသားနှစ်ဦးကို ကယ်ထုတ်ခဲ့ကာ ရှေးဦးပြုစုကုသပေးပြီးနောက် ရာ့ချာဝထီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ ၎င်းတို့နှစ်ဦးစလုံးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး စာရွက်စာတမ်းများ မပါလာကြသဖြင့် အမည်နှင့် အခြားအချက်အလက်များကို […]

သတိထားရမယ့် မြေမြှုပ်မိုင်းအန္တရာယ်

Dawei Watch

August 19, 2023

အရင်က အေးချမ်းတည်ငြိမ်ခဲ့တဲ့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းကတော့ အခုအခါမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့အတူ မြေမြှုပ်မိုင်း အန္တရာယ်ပါ ကြုံတွေ့လာရပါပြီ။ တနင်္သာရီတိုင်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရတဲ့ အရပ်သားတွေ ခပ်စိပ်စိပ်ရှိလာနေပါတယ်။ ဒါကြောင့် မြေမြှုပ်မိုင်းတွေနဲ့ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို သိရှိထားဖို့လိုလာပါပြီ။

သတိထားရမယ့် မြေမြှုပ်မိုင်းအန္တရာယ်

Dawei Watch

August 18, 2023

အရင်က အေးချမ်းတည်ငြိမ်ခဲ့တဲ့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းကတော့ အခုအခါမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့အတူ မြေမြှုပ်မိုင်း အန္တရာယ်ပါ ကြုံတွေ့လာရပါပြီ။ တနင်္သာရီတိုင်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရတဲ့ အရပ်သားတွေ ခပ်စိပ်စိပ်ရှိလာနေပါတယ်။ ဒါကြောင့် မြေမြှုပ်မိုင်းတွေနဲ့ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို သိရှိထားဖို့လိုလာပါပြီ။

ထိုင်း ကန်ချနဘူရီတွင် ကားတိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

Dawei Watch

August 17, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် အရှေ့ကမောင်းနှင်နေသော ၁၀ ဘီးတပ် သစ်တင်ကားကို ပစ်ကပ်ကားက အနောက်က ဝင်တိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးပြင်းထန်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီမြို့ ခရိုင်ပို့ဆောင်ရေးရုံးရှေ့ အဝေးပြေးလမ်းမပေါ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းသည်ဟုဆိုသည်။  ၁၀ ဘီးတပ် သစ်တင်ကားကို အရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီးနောက် ပစ်ကပ်ကား၏ အရှေ့ပိုင်း လုံးဝပျက်စီးသွားသည့် အနေအထားဖြင့် ရပ်တန့်သွားကြောင်း ဖော်ပြထားသည်။ ပစ်ကပ်ကား အရှေ့ခန်းတွင် လိုက်ပါလာသော မြန်မာအမျိုးသမီးတစ်ဦးသည် အသက် ၆နှစ်အရွယ် ကလေးငယ်ကို ချီလျက်သေဆုံးနေပြီး ကလေးငယ်မှာလည်း သတိလစ်နေကြောင်း ရေးသားထားသည်။ ကားထဲတွင် ပိတ်မိနေသည့် မြန်မာကားသမားနှင့် ကျန်မြန်မာအလုပ်သမားတို့ကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များက ဖြတ်စက်များအသုံးပြုကာ ကယ်ထုတ်ခဲ့ရကြောင်း ဆိုသည်။ […]

ရနောင်းတွင် မြန်မာများ ဘေးတွဲဆိုင်ကယ်ပြေးဆွဲနေမှုကို ထိုင်းကားသမားများဆန္ဒပြ

Dawei Watch

August 16, 2023

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာအလုပ်သမားများက ဘေးတွဲဆိုင်ကယ်ဖြင့် ခရီးသည် ပို့ဆောင်နေကြသဖြင့် ဝင်ငွေနည်းပါးလာနေပြီး အခက်အခဲဖြစ်ပေါ်နေသည်ဟုဆိုကာ ထိုင်းလိုင်းကားငယ်များအသင်းက ယမန်နေ့ (ဩဂုတ် ၁၅) တွင် ဆန္ဒပြခဲ့ကြသည်။ မြန်မာအလုပ်သမားများက ဘေးတွဲဆိုင်ကယ်များဖြင့် ခရီးသည်များအား ကိုယ်တိုင် ချိန်းဆိုမှုများပြုလုပ်ပြီး တစ်နေရာနှင့် တစ်နေရာသို့ ပို့ဆောင်ပေးနေသဖြင့် ၎င်းတို့၏ ဝင်ငွေများနည်းပါးလာနေသည်ဟုဆိုကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ မြို့ပေါ်တွင် ထိုင်းနှင့် မြန်မာအလုပ်သမားများ၏ ဘေးတွဲဆိုင်ကယ်အရေအတွက်လည်း ပေါများလာနေပြီး တရားမဝင် ပို့ဆောင်နေကြသဖြင့် လိုင်းကားအသင်းက ဝင်ငွေနည်းပါးလာနေပြီး အခက်အခဲများစွာဖြစ်ပေါ်နေခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦး၏ ပြောကြားသည်။ အနီရောင်၊ အပြာရောင် သစ်သားလိုင်းကားငယ် အစီးရေ ၁၃၀ ကျော်အထိ ပါဝင်လာသော အဆိုပါဆန္ဒပြပွဲကို ရနောင်းမြို့စားဟောင်း၏ ရုပ်ထုရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားမဝင် ဘေးတွဲဆိုင်ကယ်များ ပြေးဆွဲနေမှုများကို အစိုးရက ထိရောက်စွာ […]

ထိုင်းတောင်ပိုင်းတွင် မြိတ်ဒေသခံများအပါအဝင် မြန်မာလုပ်သား ၁၇ ဦး ဖမ်းဆီးခံရ

Dawei Watch

August 15, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ပကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦး ဩဂုတ်လ ၁၄ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ် ပကျွတ်ခရီခန်မြို့ ကောလက်ဒေသတွင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမားများကို တွေ့ရှိသည်ဆိုသည့် သတင်းအရ နယ်ခြားစောင့်တပ်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ မောတောင်-ဆင်ခွန်းနယ်စပ်ဂိတ်နှင့် ၄ ကီလိုမီတာကျော်အကွာရှိ တောထဲတွင် ခြေလျင်လမ်းလျှောက်နေသော မြန်မာအလုပ်သမား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ကို တွေ့ရှိသည်ဟု ဆိုသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသား မှတ်ပုံတင်သာ ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံတွင် တရားဝင် ဝင်ရောက်သွားလာ၊ လုပ်ကိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ရခိုင်၊ […]