အယုဒ္ဓယတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ နီးပါး ဖမ်းဆီးခံရ
Dawei Watch
October 16, 2023ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် အလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်ခဲ့သည်။ အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများနေထိုင်သည့် စခန်းအတွင်း နိုင်ငံခြားသား အလုပ်သမား တစ်ထောင်ကျော်ရှိကြောင်း ရေဆိုးများကို စနစ်တကျစွန့်ပစ်မှုမရှိခြင်း၊ စိုက်ခင်းများအတွင်းမှ သီးနှံများကို မကြာခဏ ခိုးယူခြင်းတို့ လုပ်ဆောင်နေကြာင်း ထိုင်းရွာသားများက ရဲတပ်ဖွဲ့ကို တိုင်ကြားရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းတိုင်ကြားမှုကြောင့် အလုပ်သမားခန့်ထားရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ ၁၂ ရက်နေ့တွင် အလုပ်သမားစခန်းထဲသို့ သွားရောက်ခဲ့ပြီး အလုပ်သမားများ၏ အလုပ်လုပ်ခွင့် အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်များ ကွင်းဆင်းစစ်ဆေးခဲ့ဟု သတင်းများတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၆၉ […]


