ကန်ချနဘူရီတွင် မလေးရှားသွားမည့် မြန်မာလုပ်သားများ ကားတိုက်မှုဖြစ်၊ ရှစ်ဦးဒဏ်ရာရ
Dawei Watch
January 7, 2024ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမားများအား တင်ဆောင်လာသော ပစ်ကပ်ကားသည် လမ်းဘေးဓါတ်တိုင်နှင့် တိုက်မိပြီး မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိထားသဖြင့် ထိုင်းအာဏာပိုင်များက စန်ခရာဘူရီဒေသတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီခန့်က စစ်ဆေးရေးဂိတ်ချ စစ်ဆေးနေခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားသည် စစ်ဆေးရေးဂိတ်အရောက်တွင် အရှိန်လျှော့ဟန်ပြကာ အရှိန်ဖြင့် ပြန်မောင်းကာ အတားအဆီး များကို တိုက်၍ ထွက်ပြေးမောင်းနှင်ခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ အာဏာပိုင်များက လိုက်လံဖမ်းဆီးရာ ပစ်ကပ်ကားသည် အရှိန်လွန်ကာ လမ်းချော်ပြီး ဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၃၀ ဦးလိုက်ပါလာခဲ့ပြီး ဆယ်ကျော်သက်များ အပါအဝင် […]


