မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး သတ်သေ
Dawei Watch
November 14, 2023မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး နိုဝင်ဘာလ ၁၂ ရက်နေ့က ကြိုးဆွဲချသတ်သေသွားကြောင်း အဆိုပါနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။ စယ်လန်းကောပြည်နယ် ရာဝမ်းမြို့တွင်နေထိုင်သော မြန်မာအလုပ်သမား ကိုနေရှိုင်းသည် ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် တစ်ဦးတည်းရှိနေချိန် သတ်သေသွားခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ၎င်းသည် အသက် ၂၃ နှစ်အရွယ်ရှိပြီး မန္တလေးတိုင်း မြင်းခြံမြို့နယ် တောင်ကျွန်းရွာဇာတိဖြစ်သည်။ ကိုနေရှိုင်းသည် မြန်မာနိုင်ငံရှိ ချစ်သူနှင့် ဖုန်းဆက်စဉ် စကားများနေသည်ကို သူငယ်ချင်းဖြစ်သူက ကြားခဲ့ရပြီးနောက် ညစာအတွက် ဈေးဝယ်ရာကအပြန်တွင် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရကြောင်း အထက်ပါအသင်းထံမှ သိရသည်။ မွန်းလွဲ ၂ နာရီခွဲအချိန်အထိ မက်ဆေ့ဂျာကဆင့် စကားပြောနေခဲ့ပြီး နှစ်ဦးကြား စကားများရန်ဖြစ်မှု ကြီးကြီးမားမားမရှိခဲ့ကြောင်း ကိုနေရှိုင်း၏ချစ်သူက ပြောသည်။ “သူအရမ်းမူးနေတာ။ သူနဲ့ စကားများစရာ ဘာမှမရှိဘူး။ သူလည်းစိတ်ညစ် ကျွန်တော်လည်းစိတ်ညစ်နဲ့ […]


