ရခိုင်က မြို့နယ်ခြောက်ခုတွင် တိုက်ပွဲပြင်းထန်နေကြောင်း AA ပြော
Dawei Watch
January 22, 2024ရှမ်းမြောက်တွင် အပစ်ရပ်သွားပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာပြီး လက်ရှိတွင် မြို့နယ်ခြောက်ခု၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားသည်။ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား ဇန်နဝါရီလ ၂၁ရက်က တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်ညတွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မင်းပြားမြို့တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်တော်လှရပ်ကွက်နှင့် ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးကြောင်း ဖော်ပြသည်။ ရှမ်းမြောက်တွင် အပစ်အခတ် ရပ်ဆိုင်းသွားပြီးနောက် ရခိုင်အပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ ပြင်းထန်လာကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တို့က ထုတ်ပြန်ထားသည်။ ရခိုင်တွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများကြားမှ AA က […]


