ထိုင်းတွင် တရားမဝင် မြန်မာလုပ်သားများစီးလာသည့်ကားကို ကုန်ကားဝင်တိုက်၊ မြန်မာ ၁၆ဦး ဖမ်းဆီးခံရ
Dawei Watch
December 18, 2023ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါစီးနင်းလာသည့် ဗန်ကား ကားတိုက်မှုဖြစ်ပွားပြီးနောက် ကားပေါ်ပါ မြန်မာအလုပ်သမား ၁၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နခွန်စီထမရတ်ခရိုင် ထုန်းယိုင်ဒေသ ပလိပ်ရွာအနီးတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ကားတိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ ပစ်ကပ်ကားတစ်စီးက လမ်းချော်ကာ လမ်းဘေးထိုးကျသွားသဖြင့် မြန်မာအလုပ်သမားများပါသော ကားက အရှိန်လျှော့လိုက်ရာမှ ၂၂ ဘီးတပ် ကုန်တင်ကားတစ်စီးက အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကုန်တင်ကားနှင့် တိုက်မိပြီးနောက် ကားပေါ်ပါလာသော မြန်မာအလုပ်သမား ၁၆ ဦးစလုံးသည် ဒဏ်ရာရရှိ ခဲ့သော်လည်း တရားမဝင် လာရောက်ကြသူများဖြစ်သဖြင့် အနီးရှိ တောထဲသို့ ထွက်ပြေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ကြသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ နယ်မြေကျွမ်းကျင်မှုမရှိသဖြင့် တောထဲတွင် ပုန်းနေသော မြန်မာအလုပ်သမား အမျိုးသား ၁၁ ဦး၊ […]


